ဆီးဂိမ်းတွင် မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲ၌ ကြေးတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားမယ်မခင်မာဆယ် ငွေတံဆိပ်ဆုပြောင်းလဲရရှိ

0
158

ဆီးဂိမ်းတွင် မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲ၌ ကြေးတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားမယ်မခင်မာဆယ် ငွေတံဆိပ်ဆုပြောင်းလဲရရှိ

၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၏ မေ ၁၈ ရက်ကယှဥ်ပြိုင်ခဲ့သည့် မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ပြေးခုန်ပစ်အား ကစားမယ်မခင်မာဆယ်သည် ငွေတံဆိပ်ဆုအား ပြောင်းလဲရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် အိမ်ရှင်ဗီယက်နမ်အသင်းမှ အားကစားမယ်ဝတ်ဆင်ထားသည့် အားကစားဖိနပ်သည် သတ်မှတ်ထားသည့် အမျိုးအစားနှင့်မညီညွတ်၍ ပြိုင်ပွဲစည်းမျဥ်းအရထုတ်ပယ်ခဲ့သဖြင့် မခင်မာဆယ်အား ငွေတံဆိပ်ဆုပြောင်းလဲချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်အားကစားမယ်ဝတ်ဆင်ထားသည့် အားကစားဖိနပ်သည် သတ်မှတ်ထားသည့် အမျိုးအစားနှင့်မညီညွတ်ခြင်းအား စင်ကာပူအားကစားမယ်မှကန့်ကွက်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here