မြန်မာအစိုးရသည် အာဆီယံ၏စီးပွားရေးမဏ္ဍိုင်အောက်၌ ဆောင်ရွက်ရန်ရှိသည့် ကိစ္စများအား တက်ကြွစွာဆောင်ရွက်လျက်ရှိ

0
144

မြန်မာအစိုးရသည် အာဆီယံ၏စီးပွားရေးမဏ္ဍိုင်အောက်၌ ဆောင်ရွက်ရန်ရှိသည့် ကိစ္စများအား တက်ကြွစွာဆောင်ရွက်လျက်ရှိ

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးမှ အင်ဒိုနီးရှားနိုင်ငံ၊ဘာလီကျွန်း၌ မေ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပခဲ့သည့် အာဆီယံစီးပွား ရေးဝန်ကြီးများအထူးအစည်းအဝေးသို့ တက်ရောက်စဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါအလွန်၌ အာဆီယံစီးပွားရေး ပြန်လည်ဦးမော့စေရန်ကြိုးပမ်းဆောင်ရွက်ကြရာတွင် ကြိုတင်မျှော်မှန်းမထားသည့် ရှရှား-ယူကရိန်းစစ်ပွဲအပါအဝင် ကမ္ဘာ့နိုင်ငံကြီးများ၏ စီး ပွားရေးတုံ့နှေးလာမှုသည် အာဆီယံနိုင်ငံအားလုံးအပေါ် စီးပွားရေးအရ သက်ရောက်မှုများရှိခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

“မြန်မာနိုင်ငံအနေနဲ့လည်း တခြားအာဆီယံနိုင်ငံတွေနည်းတူ စီးပွားရေးအပေါ်သက်ရောက်မှုတွေကို တွေ့ကြုံနေရပါတယ် နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံရေးအရဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေ ကမ္ဘာလုံးဆိုင်ရာအခြေအနေတွေအရ နိုင်ငံရဲ့စီးပွား ရေးအပေါ် သက်ရောက်မှုတွေကို ကိုင်တွယ် ဆောင်ရွက်နေရပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးကပြောသည်။

ထို့ပြင် မြန်မာအစိုးရအနေဖြင့် အခက်အခဲများအား ကျော်လွန်ရေးကြိုးပမ်းဆောင်ရွက်ကာ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၂၃ ခုနှစ်အ တွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟုပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေး တည်ငြိမ်တိုးတက်လာစေရန် အာဆီယံနိုင်ငံများ ၏ အထောက်အကူနှင့်နားလည်မှုသည် အရေး ကြီးသည်ဟု ပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရ သိရသည်။

“အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေ အနေကို နားလည်စာနာပြီး ဝိုင်းဝန်းအထောက်အ ကူပြုစေလိုပါတယ် မြန်မာနိုင်ငံအစိုးရအနေနဲ့ အာဆီယံရဲ့ စီးပွားရေးမဏ္ဍိုင်အောက်မှာ ဆောင်ရွက်ဖို့ရှိတဲ့ ကိစ္စတွေကို တက်ကြွစွာဆောင်ရွက်လျက်ရှိပါတယ်”ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးကပြောသည်။

ထို့ပြင် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှု အစီအ စဉ်များတွင်လည်း အာဆီယံနိုင်ငံများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည် ထောင်စုဝန်ကြီးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here