မြန်မာသံစဥ်အဆိုတော်တစ်ဦးဖြစ်သူအန်တီ ခင်ညွန့်ရီ သည်းခြေအိတ်တွင်ကျောက်တည်သဖြင့် ခွဲစိပ်ကုသမှုခံယူနေရ

0
369

မြန်မာသံစဥ်အဆိုတော်တစ်ဦးဖြစ်သူအန်တီ ခင်ညွန့်ရီ သည်းခြေအိတ်တွင်ကျောက်တည်သဖြင့် ခွဲစိပ်ကုသမှုခံယူနေရ


မြန်မာသံစဥ်သီချင်းတွေကိုသီဆိုဖျော်ဖြေခဲ့သူ တစ်ဦးဖြစ်တဲ့ အဆိုတော် အန်တီခင်ညွန့်ရီကသည်းခြေအိတ်ကျောက်တည် ရောဂါ ဝေဒနာကို ခံစားနေရတာဖြစ်ပြီးယနေ့မေလ ၁၈ ရက်နေ့ မှာ မန်းလေးက နန်းတော်ဆေးရုံမှာ ခွဲစိပ်ကုသမှုခံယူခဲ့ရကာအခုလက်ရှိမှာ ခွဲစိတ်ကုသမှု အဆင်ပြေတယ်လို့ သိရပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး အဆိုတော်ခင်ညွန့်ရီရဲ့သမီးဖြစ်သူမှ” အညာသူကြီး အဆိုတော်ကြီး ခင်ညွန့်ရည် သည်းခြေအိတ်မှာကျောက်တည်နေလို့ဒီနေ့ နန်းတော်ဆေးရုံ (မန်းလေး) မှာခွဲစိပ်ကုသမှုခံယူပြီးခွဲခန်းကထွက်လာပါပြီ အားလုံးအဆင်ပြေပါတယ် ” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

မြန်မာသံစဥ်သီချင်းတွေကို မြတ်နိုးတန်ဖိုးထားသီဆိုတတ်သူ အဆိုတော်ကြီး ဒေါ်ခင်ညွန့်ရည်အနေနဲ့ မြန်မာသံစဥ်သီချင်းပေါင်းများစွာကိုသီဆိုဖျော်ဖြေခဲ့တာဖြစ်ပြီး တခေတ်တစ်ခါက ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here