ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား တရားဝင်စေလွှတ်မှု တတိယအသုတ်အဖြစ် ယနေ့၁၅၁ဦး ဆက်လက်ပို့ဆောင်
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ယနေ့မေလ၁၉ရက်တွင် မြန်မာအလုပ်သမား (၁၅၁) ဦးစေလွှတ်လိုက်သည်ဟုသိရသည်။
ရောက်ရှိလာသည့်မြန်မာလုပ်သားတို့အား မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် ထိုင်းနိုင်ငံဌာနဆိုင်ရာများမှ မဲဆောက်နယ်စပ်စခန်း၌ ကြိုဆိုလက်ခံခဲ့ကြသည်ဟုသိရသည်။ယနေ့ ဝင်ရောက်လာသည့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံ Fujikura Electronics(Thailand) Co.,Ltd သို့(၉၂)ဦး၊ Thai Chin Fu Enterprise Co.,Ltd သို့ (၂၉)ဦး၊ Samakee Concrete Product Co.,Ltd သို့ (၃၀)ဦး စသည်ဖြင့် အသီးသီးသွားရောက်လုပ်ကိုင်ကြမည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးကပြောဆိုသည်။
ယခုဆိုလျှင်ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား တရားဝင်စေလွှတ်မှုမှာ တတိယအသုတ်အသိရှိသွားပြီဖြစ်သည်။
ပထမအသုတ်အနေဖြင့် မေလ၁၀ရက်က ထိုင်းနိုင်ငံမှ စတင်လက်ခံခဲ့ရာ အလုပ်သမား ကျား ၇၈၊ မ ၂၀၉၊ စုစုပေါင်း ၂၈၇ ဦးအား လက်ခံခဲ့ပြီး ၄င်းတို့ငည် ထိုင်းနိုင်ငံ Panuspoultry Group Co., Ltd ကြက်သားစက်ရုံ၌ လုပ်ကိုင်မည့်သူများဖြစ်သည်ဟုသိရသည်။
ဒုတိယအသုတ်အနေဖြင့် မေလ၁၁ရက်တွင် MoU စနစ်ဖြင့်မြန်မာ အလုပ်သမား ၃၀၁ ဦးအလုပ်လုပ်နိုင်ရန်ထိုင်းသို့ဝင်ရောက်ခဲ့ကြသည်ဟုသိရသည်။