ဆေးတက္ကသိုလ်များနှင့် ဆေး ပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့် ရရှိသူအားလုံး၏ (၇၀ ရာခိုင်နှုန်း) စာရင်းသွင်း တက်ရောက်လျက်ရှိ

0
224

ဆေးတက္ကသိုလ်များနှင့် ဆေး ပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့် ရရှိသူအားလုံး၏ (၇၀ ရာခိုင်နှုန်း) စာရင်းသွင်း တက်ရောက်လျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေး ပညာနှီးနွယ်တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများအား မေလ ၁၂ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီး မေလ ၁၈ရက်တွင် သစ်လွင်ကျောင်းသားသူများအား ကြိုဆိုပွဲ ပြုုလပ်ခဲ့သည်ဟု သိရသည်။

ယခုပညာသင်နှစ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေး တက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ် များသို့ တက်ရောက်ခွင့်ရရှိသူ ကျောင်းသားကျောင်းသူ ၂၉၂၄ဦးနှင့်တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား ကျောင်းသူ ၁၇၅ ဦး စုစုပေါင်း ၃၀၉၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရသိရသည်။

ယခုပညာသင်နှစ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိဆေးတက္ကသိုလ်များနှင့် ဆေး ပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့် ရရှိသူအားလုံး၏ (၇၀ ရာခိုင်နှုန်း) စာရင်းသွင်း တက်ရောက်လျက်ရှိကြောင်းလည်း ဝန်ကြီးဌာနက ပြောဆိုသည်။

ကျန်ရှိသူများကိုလည်း သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာဆေးတက္ကသိုလ် များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ အမြန် ဆုံး ဆက်သွယ်ကြရန် ကျန်းမာရေးဝန်ကြီးဌာန က တိုက်တွန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here