ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ မနက်ဖန် စတင်ဆောင်ရွက်မည်

0
193

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ မနက်ဖန် စတင်ဆောင်ရွက်မည်

နစကဥက္ကဌရဲ့ ဖိတ်ခေါ်ကမ်းလှမ်းမှုမှတဆင့် ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကို အခုလာမယ့် မေလ ၂၀ရက် မနက်ဖြန်ကနေ စတင်ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ နစကသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

နစကဥက္ကဌနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စာရင်းပေးထားတဲ့ အဖွဲ့အစည်း ၁၀ဖွဲ့ရှိပြီး အဲ့ဒီအဖွဲ့အစည်းတွေထဲက ဥက္ကဌအဆင့်ရှိသူ ၃ဦးပါတဲ့ အဖွဲ့ ၃ဖွဲ့၊အခြားအဖွဲ့တွေကတော့ ဥက္ကဌကဲ့သို့ ဆုံးဖြတ်ပိုင်ခွင့်အခွင့်ရ ဒုတိယဥက္ကဌစတဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်တဲ့အကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့ရာမှာ ဥက္ကဌမတက်ရောက်ဖြစ်တဲ့ အဖွဲ့တွေက ကျန်းမာရေးအခြေအနေအရ၊ခရီးသွားလာဖို့ရာ အဆင်မပြေတာကြောင့် ဖြစ်တယ်လို့ပါ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုသွားတာတွေ့ရပါတယ်။

နစကဥက္ကဌက ငြိမ်းချမ်းရေးဆွေးနွေးတာမှာ ကြိုတင်ကန့်သတ်ချက်မထားဘဲ သူကိုယ်တိုင်တွေ့မှာဖြစ်တဲ့အပြင်၊နစကအဖွဲ့ဝင်အချို့ပါတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ပါ တွေ့ဆုံမယ်လို့ ပြောဆိုထားပါတယ်။လိုအပ်မယ်ဆိုရင် သူကိုယ်တိုင်လည်း ထပ်တွေ့ပေးမယ်လို့ ပြောဆိုခဲ့တာလည်းရှိပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုကို တက်ရောက်မယ့်အဖွဲ့တွေကတော့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA)၊တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး DKBA ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊မွန်ပြည်သစ်ပါတီ NMSP ၊ရခိုင်လွတ်မြောက်ရေးပါတီ ALP ၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊လားဟူဒီမိုကရက်တစ် သမဂ္ဂ LDU၊ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSP/UWSA၊မိုင်းလားဒေသအဖွဲ့ NDAA၊ရှမ်းပြည်တပ်မတော် SSPP/SSAတို့ဖြစ်ပါတယ်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here