ဗီဇာသက်တမ်းကျော်လွန်နေသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံသို့ပြန်ပို့မည်ဟု ကမ္ဘောဒီးယားဆို

0
191

ဗီဇာသက်တမ်းကျော်လွန်နေသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံသို့ပြန်ပို့မည်ဟု ကမ္ဘောဒီးယားဆို

ခမာတိုင်းမ်စ်၊ မေ ၁၉

နယ်စပ်ဖြတ်ကျော် ပြည်ဝင်ခွင့်များ ပြန်လည်ဖွင့်လှစ်လိုက်သည်နှင့်တစ်ပြိုင်နက် COVID 19 ကြောင့် နှစ်နှစ်ခန့် နိုင်ငံအတွင်းသောင်တင်နေသည့်ခရီးသွားများနှင့် ဗီဇာသက်တမ်းကျော်လွန်နေသည့်ခရီးသွားများအားကမ္ဘောဒီးယားနိုင်ငံ၏လဝကမှ သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်စေလွှတ်တော့မည်ဖြစ်​သည်။ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန အထွေထွေ ညွှန်ကြားရေးမှူးချုပ် Kirth Chantharith ကယမန်နေ့က ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

ကပ်ရောဂါကာလအတွင်း ကမ္ဘောဒီးယားအစိုးရအနေဖြင့် ဗီဇာသက်တမ်းကျော်လွန်နေသည့် ခရီးသွားများအား တရားဥပဒေအရအရေးယူခြင်းမရှိပဲ နေထိုင်ခွင့်ပြုထားခြင်းဖြစ်သည်။

ကမ္ဘောဒီးယား လဝက ၏ပြောကြားချက်အရ ကပ်ရောဂါကြောင့် နိုင်ငံတွင်းသောင်တင်နေသည့်ခရီးသွားများ ပျမ်းမျှ ၄၀၀ ဦးခန့်ရှိသည်ဟုသိရသည်။အဆိုပါ ခရီးသွား ၄၀၀ ဦးအတွက် အစိုးရအနေဖြင့် တစ်နေ့တာစားစရိတ် လူတစ်ဦးလျှင် ၇.၅ ဒေါ်လာခန့် ထောက်ပံ့ထားရသဖြင့်ရေရှည်တွင် အဆင်မပြေနိုင်ကြောင်းသိရသည်။

ကပ်ရောဂါကာလအတွင်း မည်သည့်အရေးယူမှုမှမရှိပဲနေထိုင်ခွင့်ပြုထားသော်လည်း ယခုအချိန်တွင် မိမိနိုင်ငံသို့ပြန်ရန် အဆင်ပြေပါလျက် မပြန်ပဲဆက်နေနေကြသည့်ခရီးသွားများအား ဖမ်းဆီးထိန်းသိမ်းကာပြည်နှင်ဒဏ်ပေးမည်ဟုလည်းပြောကြားခဲ့‌သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here