ပညာသင်စရိတ်အခက်အခဲရှိသူတွေအတွက် ပညာသင်ကြားလို့ရနိုင်အောင်ကူညီမယ့်Education Loan ဝန်ဆောင်မှု

0
105

ayawaddy-copy

ဧရာဝတီဘဏ်နဲ့Strategy First Institute တို့ရဲ့ Education Loan ဝန်ဆောင်မှုသဘောတူလက် မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၁ရက်နေ့ မနက်၁ဝနာရီခွဲက ဧရာဝတီဘဏ်ရုံး ချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ဧရာဝတီ ဘဏ်ရဲ့Retail Banking ဒါရိုက် တာ ဦးသူရမောင်က ပြောကြားရာ မှာ “ကျွန်တော်တို့အနေနဲ့ မြန်မာ နိုင်ငံက ကျောင်းသားကျောင်းသူတွေ ပညာသင်စရိတ် အခက်အခဲရှိသူ တွေကို ပညာသင်ကြားလို့ ရမယ့် အခွင့်အလမ်း ကောင်းတွေ ကိုလက် မလွှတ်စေချင်ဘူး။ ဧရာဝတီဘဏ် အနေနနဲ့တိုင်းပြည်ရဲ့ အဓိကကျတဲ့ လူသားအရင်းအမြစ်တွေဖြစ်တဲ့ မျိုးဆက်သစ်တွေကို အနာဂတ်ပိုမို ခိုင်မာစေလို ပါတယ်။ ဒီ Education Loan ဝန်ဆောင်မှု ပေးခြင်းကြောင့် တစ်နိုင်ငံလုံးက ကျောင်းသူကျောင်း သားတွေအနေနဲ့ စိတ်အားထက်သန် တဲ့ ပညာရပ်တွေ ဆက်လက်သင်ကြား နိုင်မှာဖြစ်ပါတယ်” လို့ပြောပါတယ်။

ayawaddy2-copy

အဆိုပါ Education Loan ဝန်ဆောင်မှုက ပြည်တွင်းပြည်ပ ရှိဘွဲ့များနဲ့ ဘွဲ့လွန်သင်တန်းများမှာ ဆက်လက်သင်ကြား လိုသူများအ တွက် ဝန်ဆောင်မှုပေး သွားမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေနဲ့ အသက်၁၈နှစ်အထက် (ကိုယ်ပိုင် ဝင်ငွေရှိသူ) အသက် ၁၈နှစ်အောက် (မိသားစုဝင်တစ်ဦး၏ဝင်ငွေနဲ့အတူ) ပူးတွဲတင်ပြပြီး ဧရာဝတီဘဏ်မှာ လျှောက်ထားနိုင်ပါတယ်။ လျှောက် ထားသူအနေနဲ့ အနည်းဆုံးကနဦး ၂ဝရာခိုင်နှုန်း  ပေးသွင်းပြီး ၈ဝ ရာခိုင်နှုန်း ကိုတော့ ဧရာဝတီဘဏ်မှာ ချေးယူရရှိနိုင်ကြောင်းသိရပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here