MoU လုပ်သားများ ထိုင်းနိုင်ငံမှသတ်မှတ်ထားသည့် ရောဂါ ၆ မျိုးကူးစက်ခံထားရပါက ဝင်ခွင့်ရမည်မဟုတ်

0
106

MoU လုပ်သားများ ထိုင်းနိုင်ငံမှသတ်မှတ်ထားသည့် ရောဂါ ၆ မျိုးကူးစက်ခံထားရပါက ဝင်ခွင့်ရမည်မဟုတ်

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်မည့် MoU လုပ်သားများအနေဖြင့် ထိုင်းနိုင်ငံမှသတ် မှတ်ထားသည့် ရောဂါ ၆ မျိုးကူးစက်ခံထားရပါက ဝင်ရောက်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ ဆင်ခြေထောက်ရောဂါ၊အ နာကြီးရောဂါ၊ကာလသားရောဂါ၊အရက်စွဲရောဂါ၊ဆေးစွဲရောဂါနှင့်တီဘီရောဂါ ကူးစက်ဖြစ်ပွားနေသူများသည် ဝင်ရောက်အလုပ်လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ထားသည်။

“ဒါကတော့ သူတို့နိုင်ငံရဲ့သတ်မှတ်ချက်ပေါ့ သူတို့နိုင်ငံသားတွေကိုကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် တားမြစ်ထားတာပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်၊

အဆိုပါ ရောဂါများကူးစက်ဖြစ်ပွားနေခြင်းရှိ၊မရှိနှင့်ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရခြင်းရှိ၊မရှိအား MoU လုပ်သားများစတင်လက်ခံချိန်တွင် နယ်စပ်များ၌ ထိုင်းကျန်းမာရေးအဖွဲ့များက စစ် ဆေးမှုများပြုလုပ်လျက်ရှိသည်။

ထိုသို့ ထိုင်းကျန်းမာရေးအဖွဲ့များမှစစ်ဆေးလျက်ရှိရာမှ မြန်မာ MoU လုပ်သားတစ်ဦးတွင် တီဘီရောဂါဖြစ်ပွားနေသဖြင့် ပြန်လည်စေလွှတ်ခဲ့သည်ဟု သိရသည်။

“သတ်မှတ်ထားတဲ့ရောဂါ ၆ မျိုးကူးစက်ခံထားရရင် ပြန်လွှတ်တယ် ဒါပေမယ့် MoU လုပ်သားတွေမှာ ကိုဗစ်ရောဂါဖြစ်နေတယ်ဆိုရင်တော့ ထိုင်စမှာကုသမှုအာမခံပါတဲ့အတွက် သတ်မှတ်ဆေးရုံတွေမှာကုသခွင့်ရပါတယ်”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာ MoU လုပ်သားများအား မေ ၁၀ ရက်မှစတင်လက်ခံကာ ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ကိုင်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here