ထန်းတပင်မြို့နယ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
204

ထန်းတပင်မြို့နယ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ထန်းတပင်မြို့နယ်၊သံပရာကုန်းကျေးရွာအနီးတွင် ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုဇော်ဇော်နိုင်သည် မေ ၂၁ ရက်(ယနေ့)နံနက် ၁၁ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

ကိုဇော်ဇော်နိုင်အား အမည်မသိအမျိုးသားတစ်ဦးက သံပရာကုန်းကျေးရွာအနီး၌ သေနတ်ဖြင့်အ နောက်မှပစ်ခတ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“သူကကယ်ရီမောင်းတော့ စစ်သားတွေရဲတွေနဲ့ကောသိတာပေါ့ဗျာ အဲဒါကိုသတင်းပေးလို့ပြောနေကြတာကို ကြားနေရတယ် တကယ်သတင်း ပေးဟုတ်၊မဟုတ်ဆိုတာကတော့ ကျွန်တော်တို့လည်း သေချာမသိဘူး ဒီနေ့တော့ သေနတ်နဲ့ပစ်ခံလိုက်ရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုဇော်ဇော်နိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်တွင် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် သံပုရာကုန်းကျေးရွာ၌ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ အခင်းဖြစ်စဥ်အနီးမှ အမျိုးအစား(စီစစ်ဆဲ)ပစ္စတိုကျည်ခွံအချို့အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here