ကုသရေးဦးစီးဌာနမှ ဆေးပညာဘွဲ့ရ ကုသရေးဆရာဝန်အသစ် တစ်ထောင်ကျော်ခေါ်ယူနေ

0
124

ကုသရေးဦးစီးဌာနမှ ဆေးပညာဘွဲ့ရ ကုသရေးဆရာဝန်အသစ် တစ်ထောင်ကျော်ခေါ်ယူနေ

ပြည်သူလူထုအားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၊အလုပ်သမားဝန်ကြီးဌာနနှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့၌ တာဝန်ထမ်းဆောင်ရန် ဆေးပညာဘွဲ့ရ ကုသရေးဆရာဝန်အသစ်များအား ခေါ်ယူလျက်ရှိသည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သိရသည်။

ထိုသို့ ခေါ်ယူရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဆေးပညာဘွဲ့ရကုသရေးဆရာဝန်အသစ် ၉၈၆ နေရာနှင့်သွားဖက်ဆိုင်ရာဆေးပညာဘွဲ့ရ သွားဆရာဝန် ၈၂ နေရာတို့အတွက်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦး စီးဌာနမှ သင်ကြားရေးပိုင်း၌တာဝန်ထမ်းဆောင်ရန် ဆေးပညာဘွဲ့ရ သရုပ်ပြဆရာဝန် ၁၀၇ နေရာ၊တိုင်းရင်းဆေးပညာတက္ကသိုလ်မှ သင်ကြားရေးပိုင်း၌တာဝန်ထမ်းဆောင်ရန် ဆေးပညာဘွဲ့ရ သ ရုပ်ပြဆရာဝန် ၁၃ နေရာတို့အတွက်လည်း ခေါ်ယူလျက်ရှိသည်။

အလားတူ လူမှုဖူလုံရေးအဖွဲ့မှ ဆေးပညာဘွဲ့ရလက်ထောက်ဆရာဝန် ၂၁ နေရာနှင့်မြန်မာ့မီး ရထားမှ ဆေးပညာဘွဲ့ရလက်ထောက် ဆရာဝန် ၄ နေရာတို့အားခေါ်ယူလျက်ရှိသည်ဟု ပြည်ထောင် စုရာထူးဝန်အဖွဲ့မှ သိရသည်။

ပြည်သူလူထုအားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ခေါ်ယူခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီး၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့် ဇွန် ၂၁ ရက်နောက်ဆုံးထား၍ Online စနစ်ဖြင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့၌ ဘွဲ့ရအောင်စာရင်းထုတ်ပြန်ခဲ့ပြီးသည့် ဆရာဝန် ၁၂၀၀ ဦးကျော်အား စာချုပ်တွင်ပါသည့် နိုင်ငံ့တာဝန်အား ၃ နှစ် မပျက်မကွက်ထမ်းဆောင်ရန် မေ ၁၃ ရက်က သတိပေးထုတ်ပြန်ခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here