မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဘောလုံးအသင်း ဆီးဂိမ်းတွင် တတိယဆုနှင့်လွဲချော်ခဲ့

0
237

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဘောလုံးအသင်း ဆီးဂိမ်းတွင် တတိယဆုနှင့်လွဲချော်ခဲ့

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၏ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် တတိယဆုနှင့်လွဲချော်ခဲ့ရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့သည် မေ ၂၁ ရက်(ယနေ့)နေ့လည် ၃ နာရီခွဲက တတိယနေရာလုပွဲအား ယှဥ်ပြိုင်ကစားခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ၌ မေဇင်နွယ်၊ချစ်ချစ်၊ခင်သန်းဝေ၊ဝင်းသိင်္ဂီထွန်း၊ဖြူဖြူဝင်း၊သင်းသင်းယု၊ခင်မာလာထွန်း၊မြတ်နိုးခင်၊ခိုင်သဇင်၊နော်ထက်ထက်ဝေနှင့်ဇူလိုင်ကျော်တို့မှ ပွဲထွက်ကာ ဖိလစ်ပိုင်အမျိုးသမီးအသင်းအား အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ပွဲချိန် ၂၃ မိနစ်၌ ရရှိခဲ့သည့် ပင်နယ်တီမှတဆင့် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးစာရင်း၌ပါဝင်သည့် ဝင်းသိင်္ဂီထွန်းမှ သွင်းယူပေးခဲ့သည်။

ထို့ကြောင့် ပထမပိုင်းအပြီးတွင် မြန်မာ့လက်ရွေး စင်အမျိုးသမီးဘောလုံးအသင်းမှ ဖိလစ်ပိုင်အ မျိုးသမီးဘောလုံးအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အ နိုင်ရရှိထားပြီး ဒုတိယပိုင်းပွဲကစားချိန်တွင်လည်း အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြသည်။

ထိုသို့ ကစားခဲ့ရာဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းမှ ဒုတိယပိုင်းတွင် ချေပဂိုးနှင့်အနိုင်ဂိုးများသွင်းယူခဲ့သဖြင့် ပွဲပြီးချိန်၌ မြန်မာ့လက်ရွေး စင်အမျိုးသမီးဘောလုံးအသင်းမှာ ၁ ဂိုး ၂ ဂိုးရလဒ်ဖြင့် တတိယဆုအားလွဲချော်ခဲ့ရသည်။

“ကစားသွားကြတာတော့ကောင်းတယ် အားနည်း ချက်တွေကတော့ရှိသေးတာပေါ့ ဖိလစ်ပိုင်အ သင်းက ကြံ့ခိုင်မှုကောင်းတယ် မြန်မာအသင်းကကြံ့ခိုင်မှုအားနည်းတာကို ဒုတိယပိုင်းမှာပိုတွေ့ရတယ် ပထမပိုင်းမှာအားအကုန်သုံးပြီးကစားလိုက်တော့ ဒုတိယပိုင်းမှာအခက်အခဲဖြစ်သွားတဲ့အနေ အထားဖြစ်နေတာပေါ့ ခန္ဓာကိုယ်ချင်းလည်းကွာတာကိုတွေ့တယ်”ဟုကိုအောင်မျိုးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here