ဒူးရင်းသီး ဘူဖေး အဝစား ဘတ် ၄၇၉
ဘန်ကောက်၊မေ ၂၁
ဒူးရင်းသီးစားလို့မတင်းတိမ်နိုင်တဲ့သူတွေအတွက် ဒူးရင်းဘူဖေးကို CTW မြက်ခင်းပြင်မှာ ၄၇၉ ဘတ်နဲ့ စားနိုင်ပါပြီ။ထို ဒူးရင်းနဲ့ သီးနှံစုံပွဲတော်ကိုတနင်္ဂနွေအထိ ကျင်းပကာ ရောင်းပေးနေခြင်းဖြစ်သည်။
တဆက်ရှင်ကို မိနစ် ၆၀ ခွင့်ပြုပေးထားသည်။တဆက်ရှင်ပြီးချိန် ပန်းကန်ပြားပေါ်တွင် ဒူးရင်းသီးသုံးပုံတစ်ပုံထက် ပိုကျန်ပါက ဒဏ်ငွေ ဘတ် ၁,၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။
ထိုဒူးရင်းဘူဖေးနေရာတွင် အနည်းဆုံး လုံခြုံရေးအစောင့် သုံးဦးဖြင့်စောင့်ကြည့် နေမှာဖြစ်သည်။ ဆီးချိုရောဂါရှိသူများအနေနှင့် သတိထားကာ မိမိနှင့်ဘူဖေးသင့် မသင့် ကို ချိန်ဆဖို့တော့လိုသည်။
Photo credit-Pravit Rojanaphru
Source- Khaosod