စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့တွင် Droneဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့

0
137

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့တွင် Droneဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့ရှိ မြို့နယ်ဝန်ထမ်းအိမ်ယာဝင်းအတွင်းနှင့်မြောင်မြို့နယ်မီးသတ်ဦးစီးဌာနတို့ မေလ၂၁ရက် မွန်းလွဲ ၂နာရီနှင့် ၂နာ ရီ၃၀မိနစ်အချိန်တို့က Droneဖြင့်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“မြောင်က PDFအဖွဲ့တွေကတော့ မနေ့က Droneနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခါမှာ စစ်သားလေးယောက်သေပြီး လေးယောက်ဒဏ်ရာရတယ်လို့ သူတို့လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးထားတာတွေ့မိတယ်´´ဟု
ဒေသခံတစ်ဦးမှ ပြောသည်။

ဖြစ်စဉ်မှာ မေလ၂၁ရက်၊မွန်းလွဲ၂နာရီက မြောင်မြို့နယ်ဝန်ထမ်းအိမ်ယာဝင်းအတွင်း Droneဖြင့် အီနာဂါဗုံးသီးချိတ်ဆွဲတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း မွန်းလွဲ၂နာရီ၃၀မိနစ်က မြောင်မြို့နယ်မီးသတ်ဦးစီးဌာနအား တိုက်ခိုက်မှုတွင် အသက်၁၄နှစ်နှင့်၈နှစ်အရွယ် ကလေး(၂)ဦး၊မီးသတ်တပ်ဖွဲ့ဝင်တစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မီးသတ်ဦးစီးဌာနပိုင် မီးသတ်ယာဉ်တစ်စီးလေကာမှန်ပျက်စီးခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကို မြောင်မြို့နယ်အတွင်းရှိ PDFအဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတို့ကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင်ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here