ရေကြည်မြို့နယ်၌ အမျိုးသားတစ်ဦး နေအိမ်အတွင်းဝင်၍သေနတ်ဖြင့်ပစ်ခတ်ခံရ

0
172

ရေကြည်မြို့နယ်၌ အမျိုးသားတစ်ဦး နေအိမ်အတွင်းဝင်၍သေနတ်ဖြင့်ပစ်ခတ်ခံရ

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊လက်ပံပင်ကျေး ရွာနေကိုသန့်ဇင်ဦးသည် မေ ၂၁ ရက်ည ၇ နာရီခွဲခန့်က နေအိမ်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ကိုသန့်ဇင်ဦးသည် လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်မှုရှိသဖြင့် အမည်မသိအမျိုးသားများက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ၃ ချက်ခန့်ပစ် ခတ်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကိုသန့်ဇင်ဦးအား လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုအား ဧရာဝတီတိုင်းရိုးမတိုက်ဂါးအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီ တိုင်းတော်လှန်ရေးသတင်းဌာနမှ ထုတ်ပြန် ရေးသားထားသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here