ဘိုကလေးမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ် အုပ်ချုပ်ရေးမှူးဒဏ်ရာရ

0
160

ဘိုကလေးမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ် အုပ်ချုပ်ရေးမှူးဒဏ်ရာရ

ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်၊စက်စန်းကျေး ရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကြည်ဝင်းနေ အိမ်တွင် မေ ၂၂ ရက်(ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကြည်ဝင်းနေအိမ်၌ ဗုံးတွေ့ရှိသဖြင့် လုံခြုံရေးအဖွဲ့ထံအကြောင်းကြစဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဗုံးတွေ့လို့ စစ်တပ်ကိုဖုန်းဆက်ပြီးအကြောင်း ကြားနေတုန်း ပေါက်ကွဲသွားတာ အုပ်ချုပ်ရေးမှူးကတော့ ဒဏ်ရာရသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ ကျေးရွာအ တွင်း၌လည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“အိမ်ရဲ့ဘယ်နေရာမှာ ဗုံးတွေ့တယ်ဆိုတာတော့ မသိပါဘူး ပေါက်ကွဲတဲ့အသံကြီးတော့ကြားလိုက်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here