မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၇ ဦးဖမ်းဆီးခံရ

0
146

မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ အလုပ်လုပ်ကိုင်ရန် မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ သောင်ရင်းမြစ်အားဖြတ်ကူးလာသည့် မြန်မာနိုင်ငံသား ၁၇ ဦး မေ ၂၁ ရက်ည ၈ ရီခန့်ကဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၇ ၍ဦးသည် မဲ့လမတ်မြို့နယ်၌ ထိုင်းရဲတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းအား ခံခဲ့ရသည်ဟု သိရသည်။

“မိုးရွာနေတဲ့အချိန် သောင်ရင်းမြစ်ရေတက်ပြီး ရေစီးကြမ်းနေတာကိုအရဲစွန့်ပြီးကူးသွားကြတာ အသက်အန္တရာယ်ကင်းကင်းနဲ့ထိုင်းကိုရောက်သွားပေမယ့် ဖမ်းခံလိုက်ရတော့ မိသားစုအတွက်အလုပ်လုပ်ဖို့သွားတာမှာ အရာမထင်တော့ဘူးပေါ့ MoU တွေကိုလည်းခေါ်နေပြီဖြစ်တဲ့အတွက် MoU စနစ်နဲ့သွားတာကအကောင်းဆုံးပဲ”ဟုမြဝတီမြို့ခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၇ ဦးသည် ကရင်ပြည်နယ်၊ဘားအံမြို့တွင်နေထိုင်သူများဖြစ်ကာ ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၂၈၀၀၀ အထိပွဲစားများအားပေးချေခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၅ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် မဲ့လမတ်မြို့နယ်ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here