Wednesday, January 8, 2025

တိုင်းနှင့်ပြည်နယ်(၃)ခု၌ ယနေ့ ဇန်နဝါရီ ၈...

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ယနေ့ ဇန်နဝါရီ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အတွင်း ချိန်ခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ...

ပထမအကြိမ် ခြင်းလုံးခတ်ပြိုင်ပွဲကျင်းပခဲ့သည့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ ပထမအကြိမ် “Energy Cup” ချစ်ကြည်ရေးခြင်းလုံးခတ်ပြိုင်ပွဲအား ဇန်နဝါရီ ၃ ရက်က နေပြည်တော်၌ကျင်းပခဲ့သည်။ အဆိုပါ ခြင်းလုံးခတ်ပြိုင်ပွဲအား မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့်(၇၅)နှစ်ပြည့်အား...

ဘုရားဖူး Light Truck ကား...

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မန္တ လေးတောင်အဆင်းတွင် ဘုရားဖူး Light Truck ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ ဇန်နဝါရီ ၈ ရက်မွန်းလွဲ...

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် WHO...

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်၊ အကြံပြုချက်များကို စဉ်ဆက်မပြတ်ရယူ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း...
HomeNewsLocal Newsဝက်လက်မြို့နယ်၊လှတောကျေးရွာအနီးတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ

ဝက်လက်မြို့နယ်၊လှတောကျေးရွာအနီးတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ

ဝက်လက်မြို့နယ်၊လှတောကျေးရွာအနီးတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ
 
စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ်၊လှတောကျေးရွာအနီး၊ရွှေဘို-မန္တလေးကားလမ်းပေါ်တွင် မေလ ၂၁ရက်နေ့နံနက်၅နာရီခန့်က …ယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသော အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
 
“မနေ့ကမနက်ပိုင်းမှာ ရန်ကုန်ကနေကလေးကိုထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ယာဉ်ပေါ်က ခရီးသည် အမျိုးသမီးနှစ်ယောက် မိုင်းစထိမှန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။တစ်ဦးကတော့ စိုးရိမ်ရတဲ့အနေအထားမှာ ရှိပါတယ်။ဘယ်အဖွဲ့က ခုလိုလုပ်ခဲ့လည်းဆိုတာတော့ စုံစမ်းစစ်ဆေးနေဆဲပါ´´တာဝန်ရှိသူတစ်ဦးကပြောသည်။
 
ဖြစ်စဉ်မှာ မေလ၂၁ရက်နေ့နံနက်၅နာရီခန့်က ရန်ကုန်မှ ကလေးသို့ထွက်ခွာလာသည့် …ယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံယာဉ်တစ်စီးသည် ဝက်လက်မြို့နယ်၊ လှတောကျေးရွာအနီး ရွှေဘို-မန္တလေး ကားလမ်းပေါ်တွင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တစ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကို ခံခဲ့ရပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည်အများအနက် အမျိုးသမီးနှစ်ဦးမှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အနေအထားရှိကြောင်းနှင့်ခရီးသည်တင်ယာဉ်မှာလည်း ယာဉ်ကိုယ်ထည်နှင့်လေကာမှန်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့်ပြည်နယ်(၃)ခု၌ ယနေ့ ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အတွင်း မိုးအနည်းငယ်ရွာသွန်းနိုင်

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ယနေ့ ဇန်နဝါရီ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အတွင်း ချိန်ခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။ ထိုသို့ ရွာသွန်းနိုင်ခြင်းအား လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်သည့်အခြေအနေအား ထပ်မံ အသိပေးချက်(၁-ကခ/၂၀၂၅)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လာမည့် နာရီပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်(အရှေ့တောင်ပိုင်း)၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ၎င်းသည် အနောက်ဘက်သို့ရွေ့လျားကာ လာမည့်(၇၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာနိုင်ပြီး ဇန်နဝါရီ ၁၂ ရက်ခန့်တွင် ဘင်္ဂလားပင်လယ်အော်(အနောက်တောင်ပိုင်း) (သီရိလင်္ကာနိုင်ငံ၊ အရှေ့ဘက်ကမ်းခြေအနီး)သို့ ရောက်ရှိနိုင် သည်ဟု အသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မွန်-တနင်္သာရီ...

ပထမအကြိမ် ခြင်းလုံးခတ်ပြိုင်ပွဲကျင်းပခဲ့သည့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ ပထမအကြိမ် “Energy Cup” ချစ်ကြည်ရေးခြင်းလုံးခတ်ပြိုင်ပွဲအား ဇန်နဝါရီ ၃ ရက်က နေပြည်တော်၌ကျင်းပခဲ့သည်။ အဆိုပါ ခြင်းလုံးခတ်ပြိုင်ပွဲအား မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့်(၇၅)နှစ်ပြည့်အား ဂုဏ်ပြုရန်၊ ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားခြင်းဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ”အတူတည်ဆောက်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု အဆိုပြုချက်(GCI)နှင့် လူသားမျိုးနွယ်အေးအတူပူအမျှ အသိုက်အဝန်းအတွေးအခေါ်ကိုဖော်ဆောင်ရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်တက်ရောက်၍ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့်(၇၅)နှစ်ပြည့် သမိုင်းဝင်အခါသမယတွင် ပထမအကြိမ်ကျင်းပသော “Energy Cup”ချစ်ကြည်ရေး ခြင်းလုံးခတ်ပြိုင်ပွဲသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုပေါင်းစည်းဖလှယ်ခြင်း၊ ပြည်သူ့နှလုံးသားချင်းဆက်နွှယ်သည့် သက်ဝင်ထင်ရှားသော...

ဘုရားဖူး Light Truck ကား မန္တလေးတောင်အဆင်းတွင် ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျတိမ်းမှောက် ၁၇ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မန္တ လေးတောင်အဆင်းတွင် ဘုရားဖူး Light Truck ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ ဇန်နဝါရီ ၈ ရက်မွန်းလွဲ ၂ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန္တလေးတောင်အဆင်းလမ်းအတိုင်း မန္တလေးတောင်ပေါ်မှ ဘုရားဖူး၍ပြန်ဆင်းလာသည့် Light Truck (အဖြူရောင်)ကားသည် အခင်းဖြစ်နေရာ ဒုတိယကွေ့မြောက်ဘက်စောင်းတန်းအနီးအရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ တိမ်းမှောက်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် ကားမောင်းသူအပါအဝင် အမျိုးသား (၆)ဦးနှင့်အမျိုးသမီး(၁၁)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ နန်းတော်ရှေ့လူမှုကူညီရေးအသင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071