ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အဆောက်အအုံကြံ့ခိုင်ရေးအတွက် ပညာရှင်များနှင့်ညှိနှိုင်းဆောင်ရွက်မည်

0
150

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အဆောက် အအုံကြံ့ခိုင်ရေးအတွက် ပညာရှင်များနှင့်ညှိနှိုင်းဆောင်ရွက်မည်

ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ဗိုလ်ချို(၁)ရပ်ကွက်၊ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြ တိုက်(ရန်ကုန်)သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းမှလာရောက်ကြည့်ရှု့စဥ်ပြောကြားခဲ့ခြင်းဖြစ် သည်။

ဒု-ဝန်ကြီးဒေါက်တာမိုးဇော်ထွန်းသည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ရှိ ထမင်း စားခန်း၊ဧည့်ခန်း၊စာဖတ်ခန်း၊အစည်းအဝေးခန်း၊အိပ်ခန်း၊ကလေးများအိပ်ခန်း၊ဗိုလ်ချုပ်အသုံးအဆောင်များ၊စာအုပ်များနှင့်ဗိုလ်ချုပ်အသုံးပြုခဲ့သည့် ကားပြခန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၏ ပြတိုက်ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊အဆောက်အအုံကြံ့ခိုင်ရေးအတွက် ပညာရှင်များနှင့်ညှိနှိုင်းဆောင်ရွက်ကာ အဆောက်အအုံအတွင်း၊အပြင်သန့်ရှင်းရေး၊ရေရှည်ကြံ့ခိုင်ရေးနှင့် သာယာလှပရေးများ ပြုလုပ်ကြရန်မှာကြားခဲ့သည်။

ထို့ပြင် အမျိုးသားပြတိုက်(ရန်ကုန်)သို့ သွား ရောက်၍ ပြတိုက်မြေညီထပ်ရှိ မြန်မာအက္ခရာနှင့်လက်ရေးမူပြခန်း၊သီဟာသနပလ္လင်ပြခန်း၊ရတနာပုံခေတ်ပြခန်း၊ စတုတ္ထထပ်ရှိ ဗုဒ္ဓအနုပညာပြခန်းနှင့်တိုင်းရင်းသားယဉ်ကျေးမှု ပြခန်း၊ တတိယထပ်ရှိ မြန်မာ့ရှေးဟောင်းအဆင် တန်ဆာရတနာပြခန်းနှင့်မြန်မာပန်းချီခန်းမဆောင်၊ ပထမထပ်ရှိ မင်းခမ်းတော်ပစ္စည်းများပြခန်းတို့အား ကြည့်ရှု့ခဲ့သည်။

ထို့နောက် ပြတိုက်ရှိစုဆောင်းထားသည့် ပစ္စည်းများအား ခင်းကျင်းပြသရန် လုံခြုံရေးနှင့်ပြသရေးတို့ကို လျာထားစီစဉ်ထားပြီး တိုင်းရင်းသားများ ဝတ်စားဆင်ယင်မှုအား ပြည့်ပြည့်စုံစုံ စု ဆောင်းခင်းကျင်းပြသရမည်ဟုမှာကြားခဲ့သည်။

အလားတူ ပြတိုက်ဝန်ထမ်းများပြည့်စုံစွာခန့် ထား၍ ပြတိုက်ပညာရှင်များ ပြုစုပျိုးထောင်ရေးအတွက် ဘွဲ့လွန်သင်တန်းများပါ ဖွင့်လှစ်နိုင်ရန်နှင့် Digital Museum များ အခန်းကဏ္ဍတိုးမြှင့်စီစဉ်သွားရန်တို့ကိုလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here