ယခင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကွယ်လွန်

0
60

ယခင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကွယ်လွန်

ယခင်သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ၊သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲများအား ဦးဆောင်ကျင်းပရသူ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဇော်ဌေး သည် နေပြည်တော်တွင် ယနေ့ မေလ ၂၃ ရက် နံနက်ပိုင်းက ကွယ်လွန်သွားသည်ဟု၄င်းနှင့်နီးစပ်သူအချို့ထံမှ သိရသည်။
“နှလုံးအောင့်တယ်။အောင့်တယ်ဆိုပြီး ဆေးရုံသွားတာ။လမ်းမှာပဲဆုံးပါးသွားတယ်လို့ကြားသိရပါတယ်”ဟု ၄င်းနှင့်နီးစပ်သူအချို့ကပြောသည်။

ဦးဇော်ဌေး သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ညွှန်ကြားရေးမှူးချုပ်ရာထူးတိုးသွားခဲ့သူဖြစ်သည်။

စစ်တက္ကသိုလ် အပတ်စဉ် (၃၇)ဆင်း ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူကာအရပ်ဘက်သမ္မတရုံးသို့ ညွှန်ကြားရေးမှူးအဖြစ်ဖြင့် ၂၀၁၁တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

မှူးဇော် အမည်ဖြင့် လူမှုကွန်ရက်အသုံးပြုသောကြောင့် မှူးဇော် ဟုပါလူသိများသည်။

“နှလုံးရောဂါကြောင့်လို့ သိရပါတယ်”ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ၄င်းသည် အစိုးရ၏လုပ်ဆောင်ချက်များအား အများပြည်သူသိအောင် ဖေ့ဘုတ်စ်စာမျက်နှာမှတဆင့်ဆောင်းပါးများအချက်အလက်များဖြင့် ဝေငှပေးခဲ့သူ၊၂၀၁၆ ခုနှစ် NLDအစိုးရတက်လာချိန်တွင် လည်း အစိုးရ၏ လုပ်ဆောင်ချက်များအား အများသိရန် ဝေငှပေးခဲ့သူဖြစ်သည်။ ဦးဇော်ဌေး သည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနလက်အောက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်ပါတာဝန်ယူခဲ့သူဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “နစက အဖွဲ့ကလည်း သူ့အိမ်ကို ရောက်နေပြီး လိုအပ်တာတွေ လုပ်ပေးနေပါတယ်”ဟုပြောဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here