ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် နစက ဥက္ကဌနှင့် NMSP အဖွဲ့ ယနေ့စတင်တွေ့ဆုံ

0
170

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် နစက ဥက္ကဌနှင့် NMSP အဖွဲ့ ယနေ့စတင်တွေ့ဆုံ

ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဌ နိုင်အောင်မင်းတို့ ယနေ့ စတင်တွေ့ဆုံလျက်ရှိသည်။

ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ မွန်ပြည်သစ်ပါတီ (NMSP)မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မေ ၂၂နေ့က မော်လမြိုင်မြို့မှတဆင့် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး ယနေ့ နံနက်ပိုင်း တွင် စတင်ဆွေးနွေးလျက်ရှိသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နစက ဥက္ကဌနှင့် NMSP အဖွဲ့သည် ဒုတိယမြောက်တွေ့ဆုံဆွေးနွေးသည့်အဖွဲ့ တစ်ခုဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တို့တစ်ဖွဲ့လျှင် သုံးရက်ကျစီတွေ့ဆုံဆွေးနွေးနေပြီး၊ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် RCSS/SSAအဖွဲ့က ပထမဆုံးတွေ့ဆုံဆွေးနွေးခွင့်ရသည့်အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here