ပြင်ဦးလွင်မြို့နယ်ရှိ မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းတွင် ၂၂ ဘီးတွဲကားအရှိန်မထိန်းနိုင်ဘဲ ချောက်ကမ်းပါးအနီးတွင်တိမ်းမှောက်

0
354

ပြင်ဦးလွင်မြို့နယ်ရှိ မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းတွင် ၂၂ ဘီးတွဲကားအရှိန်မထိန်းနိုင်ဘဲ ချောက်ကမ်းပါးအနီးတွင်တိမ်းမှောက်

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်နှင့်ပုသိမ်ကြီးမြို့နယ်အစပ်ရှိ မန္တလေး-ပြင်ဦးလွင်သွားကားလမ်းတွင် မေ ၂၃ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စေတ နာမွန်လူမှုကူညီရေးအသင်း(အုန်းချော)မှသိရသည်။

မန္တလေး-ပြင်ဦးလွင်သွားကားလမ်း၏ အဆင်းလမ်း မိုင်တိုင်အမှတ်-၁၆/၄ အနီးရှိ ချောက်ကမ်း ပါးအနီး၌ ၂၂ ဘီးတွဲကားမှာအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

“ကားကမှောက်ပြီး ချောက်နှုတ်ခမ်းနားကိုရောက်နေပြီ အဲဒီသတင်းကိုဖုန်းဆက်အကြောင်းကြားလို့ အသင်းကလူနာတင်ကားနဲ့ကယ်ဆယ်ရေးကားလွှတ်ပြီး သွားရောက်ကူညီပေးခဲ့ပါတယ်”ဟုစေ တနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)၏ အ တွင်းရေးမှူးကိုအောင်သူကပြောသည်။

ဖြစ်စဥ်၌ ကုန်တင်ကားချောက်ကမ်းပါးအနီးတိမ်းမှောက်ရာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကားမောင်းသူနှင့်လိုက်ပါလာသူတို့အား ကရိန်းကားဖြင့် သယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

“ကားကချောက်နှုပ်ခမ်းမှာတင်နေတာ ကားပေါ်ပါလာတဲ့ ၂ ယောက်ကလည်း ကားအောက်မှာပိနေတာမဟုတ်ဘဲ ခေါင်းခန်းထဲမှာပဲဆိုတော့ လွယ်လွယ်ကူကူပဲထုတ်လို့ရခဲ့ပါတယ် ကားမောင်းတဲ့လူတွေကိုတစ်ခုအကြံပေးချင်တာကတော့ ဒီကားလမ်းဟာ အတက်အဆင်းရှည်တဲ့အတွက် ပြန်ဆင်းတဲ့ကားတွေဟာ တောက်လျှောက်မောင်းဆင်းမလာဘဲ လမ်းမှာနားလိုက်မောင်းလိုက်လုပ်ပြီးတော့မှဆင်းစေချင်တယ်”ဟု စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)၏ အတွင်းရေးမှူးကိုအောင်သူကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည့် ၂၂ ဘီးတွဲကားမောင်းသူနှင့်လိုက်ပါလာသူတို့အား မန္တလေးဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here