ငြိမ်းချမ်းရေးကြိုးပမ်းမှုအပေါ် ထောက်ခံပွဲ ပျော်ဘွယ်တွင်ပြုလုပ်

0
153

ငြိမ်းချမ်းရေးကြိုးပမ်းမှုအပေါ် ထောက်ခံပွဲ ပျော်ဘွယ်တွင်ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင်နစက၏ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်ပစွက်ဖက်မှုများကို ဆန့်ကျင်ရှုံ့ချပွဲအခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြုလုပ်ခဲ့သည်ဟုပါတီ၏ ထုတ်ပြန်ချက်အရသိရသည်။

အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်တွင် စတင် ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှု ကြိုဆိုထောက်ခံသည့် ဗီနိုင်းပိုစတာအား ရမည်းသင်းခရိုင်နှင့်ပျော်ဘွယ်မြို့နယ်ပါတီ တာဝန်ရှိသူများမှ ဖွင့်လှစ်ခြင်း ငြိမ်းချမ်းရေး ချိုးဖြူငှက်များ လွှတ်ခြင်း ငြိမ်းချမ်းရေးအထိမ်းအမှတ် မိုးပျံပူပေါင်းများလွှတ်တင်ခြင်းများကို ငြိမ်းချမ်းရေးကို ထောက်ခံကြိုဆိုသည့် ရဟန်းရှင်လူပြည်သူများက စုပေါင်း လုပ်ဆောင်ခဲ့ကြသည်ဟုပါတီဘက်ကဖော်ပြသည်။

ယနေ့ပြုလုပ်သည့် ပျော်ဘွယ်မြို့ ရွှေပြည်သာ ဘုရားကွင်းတွင် အမျိုးသားရေးဆရာတော် ဦးအဂ္ဂဓဇ(တောင်သာလေးဆရာတော်)အပါအဝင်ငြိမ်းချမ်းရေးလိုလားထောက်ခံသည့် ပြည်သူ ၂ ဦးမှ ဦးဆောင် ဟောပြောခဲ့ကြကြောင်းသိရသည်။

နေပြည်တော်၊ရန်ကုန်၊မန္တလေးတို့တွင် ယခုရက်ထဲ အလားတူထောက်ခံပွဲများပြုလုပ်ခဲ့ကြသည်ဟုသိရသည်။

ဓါတ်ပုံ-USDP

 


LEAVE A REPLY

Please enter your comment!
Please enter your name here