ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည် ထောင်စုစနစ်တည်ဆောက်ရေးအား နစက ဥက္ကဋ္ဌဆွေးနွေးပြောကြား

0
168

ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည် ထောင်စုစနစ်တည်ဆောက်ရေးအား နစက ဥက္ကဋ္ဌဆွေးနွေးပြောကြား

နစက ဥက္ကဋ္ဌမှမွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနိုင်အောင်မင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မေ ၂၃ ရက်(ယနေ့)တွင် နေပြည်တော်၌ ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားအားလုံးနိုင်ငံ့အရေးတွင် ပါဝင်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အသိပညာ၊အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်သည် အဓိကလိုအပ်၍ တစ် နိုင်ငံလုံး တိုင်းရင်းသားဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးအား လက်တွေ့ကျကျ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအ နေများအား နစက ဥက္ကဋ္ဌမှဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်အား အခြေခံသည့် ပြည် ထောင်စုစနစ်တည်ဆောက်ရေးတို့ကိုလည်း နစက ဥက္ကဋ္ဌမှဆွေးနွေးပြောကြားခဲ့သည်။

အလားတူ မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှလည်း ပြည်သူ့ဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်အား အခြေခံသည့် ပြည် ထောင်စုစနစ်တည်ဆောက်ရေး၊တစ်နိုင်ငံလုံး ပ ညာရည်မြင့်မားရေးတို့နှင့်ပတ်သက်၍ သဘော ထားတူညီချက်များအား ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ၊ပြည် ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များအား အပြန်အ လှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒု-ဗိုလ်ချုပ်ကြီးရာပြည့် တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနိုင်အောင်မင်းနှင့်အတူ (NMSP)တွဲဖက်အထွေထွေ အတွင်းရေးမှူးနိုင်ဝင်းလှနှင့် (NMSP)ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ် တို့လည်းတက်ရောက်ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌနိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစက မှဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီတို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများအား ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here