မြဝတီမြို့ သောင်ရင်းမြစ်ရေ ယနေ့ ပြန်လည်ကျဆင်း၊ ရပ်ကွက်သုံးခုရှိ ရေဘေးရှောင်ပြည်သူတစ်ထောင်ကျော် ပြန်လည်ပို့ဆောင်

0
155

မြဝတီမြို့ သောင်ရင်းမြစ်ရေ ယနေ့ ပြန်လည်ကျဆင်း၊ ရပ်ကွက်သုံးခုရှိ ရေဘေးရှောင်ပြည်သူတစ်ထောင်ကျော် ပြန်လည်ပို့ဆောင်

မြဝတီမြို့ သောင်ရင်းမြစ်ရေမှာ ယနေ့ မေ ၂၃ရက်တွင် ပြန်လည်ကျဆင်းခဲ့ပြီဖြစ်သဖြင့် ရေကြီးရေလျှံဖြစ်ပွားရာ ရပ်ကွက်သုံးခုရှိ ရေဘေးရှောင်ပြည်သူတစ်ထောင်ကျော်ကို ၎င်းတို့နေထိုင်ရာ နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးနေကြောင်း မြဝတီမြို့အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် တာဝန်ခံ ဦးလှထွန်းက ပြောသည်။

ပြီးခဲ့သော မေ ၂၁ရက်နေ့ညမှမေ ၂၂ ရက်နေ့တို့အထိ သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေကြီးရေလျှံဖြစ်ပွားကာ၊ ဒေသခံပြည်သူတစ်ထောင်ကျော်ကိုကယ်ဆယ်ရေးစခန်းအချို့တွင် ယာယီစောင့်ရှောက်ပေးခဲ့ရခြင်းဖြစ်သည်။

” ရေပြန်ကျသွားပါပြီ။ ရေဘေးကျော်တစ်ထောင်ကျော်လောက်ရှိတယ်။ ကယ်ဆယ်ရေးစခန်းကနေပြီး နေအိမ်တွေဆီကို ပြန်ကုန်ကြပါပြီ။ အခု ရေကြီးမှု့ကြောင့်လူအသေအပျောက်မှုမရှိပါဘူး။ “ဟုဆိုသည်။

သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြဝတီမြို့၏ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့ ရေကြီးရေလျှံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အချို့နေအိမ်များ နစ်မြှပ်ခဲ့သည်အထိဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သောင်ရင်းမြစ်ရေသည် မေ ၂၁ရက်နေ့ညမှ မေ ၂၂ရက်နေ့အထိရပ်ကွက်သုံးခုတွင် ရေ ကြီးရေလျှံဖြစ်ပေါ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး (Myanmar Rescue Organization)နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သဘာဝဘေးစီမံခရိုင်ဦးစီးအဖွဲ့များမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းကာ ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here