ထန်းတပင်မြို့နယ်တွင် အမျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ တစ်ဦးသေဆုံး

0
142

ထန်းတပင်မြို့နယ်တွင် အမျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ တစ်ဦးသေဆုံး

ရန်ကုန်တိုင်း၊ထန်းတပင်မြို့နယ်၊ရေစိုမငေးစုကျေးရွာနေ ဦးသောင်းမြင့်နှင့်သားဖြစ်သူကိုသက်ဇင်တို့သည် မေ ၂၃ ရက်(ယနေ့)နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ဦးသောင်းမြင့်နှင့်ကိုသက်ဇင်တို့အား အမည်မသိအမျိုးသားများက ရိုးခွကျေးရွာနှင့်အေးရွာလေးကျေးရွာကြားတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးသောင်းမြင့်သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ပြီး သားဖြစ်သူကိုသက်ဇင်မှာ ကျည်ထိမှန်ဒဏ်ရာရရှိကာ အနီးရှိရေမြောင်းအတွင်းသို့ကျသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်အား From Zero to Hero အဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ လုံခြုံရေးအဖွဲ့များထံသတင်းပေးပို့နေသည့် သတင်းပေးဖြစ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ရေးသားထားသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here