စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ခွဲတမ်းရရှိသည့် စက်သုံးဆီများအား ထုတ်ယူခြင်းမရှိပါက ခွဲတမ်းတောင်းခံခွင့် ၁ လပိတ်မည်

0
222

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ခွဲတမ်းရရှိသည့် စက်သုံးဆီများအား ထုတ်ယူခြင်းမရှိပါက ခွဲတမ်းတောင်းခံခွင့် ၁ လပိတ်မည်

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ SME စက်သုံးဆီအရောင်းဆိုင်များအား ရောင်းချပေးလျက်ရှိကာ ဝယ်ယူခွင့်ရရှိသူများအား တစ်လအတွင်းလာရောက်ထုတ်ယူရမည်ဟု MPTA မှအသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ရောင်းချပေးရာတွင် ရန်ကုန်တိုင်း၊မန္တလေး တိုင်းနှင့်နေပြည်တော်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဦးစားပေးအဆင့်အဖြစ် 92 လီတာ ၆၀၀၀ နှင့်ကျန်ရှိသည့် တိုင်းနှင့်ပြည်နယ်များအား ဒုတိယဦးစားပေးအဖြစ် 92 လီတာ ၄၀၀၀ အား အချိုးကျစနစ်ဖြင့် ခွဲဝေပေးရန် မေ ၂၀ ရက်ကပြုလုပ်သည့် အသေးစားနှင့်အလတ်စား စက်သုံးဆီဆိုင်လုပ်ငန်းများကော်မတီ အစည်းအဝေး ၌ ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီး သီး၌ ခွဲတမ်းဖြင့်ဝယ်ယူခွင့်ရရှိသည့် စက်သုံးဆီဆိုင် ၃၂၄ ဆိုင်ရှိကြောင်း MPTA ၏ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ဝယ်ယူရာတွင် စက်သုံးဆီဈေးသတ်မှတ်ချက်သည် မေ ၂၁ ရက်က PPRD မှထုတ်ပြန်သည့် လက်ကားရည်ညွှန်းဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ကာ ဝယ်ယူခွင့်ရရှိသော စက်သုံးဆီအရောင်းဆိုင်များသည် သက်ဆိုင်ရာ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်ဆက်သွယ်၍ မေ ၂၆ ရက်နောက်ဆုံးထားကာ စက်သုံးဆီဝယ်ယူရန်ငွေသွင်းခြင်း၊စက်သုံးဆီထုတ်ယူခြင်းများအား သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဟု သိရသည်။

အလားတူ စက်သုံးဆီများထုတ်ယူရာတွင်လည်း ရောင်းချပေးသည့် ကုမ္ပဏီများအား PPRD မှထုတ်ပေးထားသည့် လိုင်စင်မိတ္တူအားတင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ပြင် ဝယ်ယူခွင့်ရရှိသည့် စက်သုံးဆီအရောင်းဆိုင်များသည် ခွဲတမ်းရရှိသော စက်သုံးဆီများအားထုတ်ယူခြင်းမရှိပါက ခွဲတမ်းတောင်းခံခွင့် ၁ လ ပိတ်ခံရမည်ဟု MPTA မှအသိပေးထုတ်ပြန်ခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here