မျောက်ကျောက်ရောဂါ၏ သဘောသဘာဝအရ မြန်မာနိုင်ငံတွင်ဖြစ်ပွားနိုင်ခြေနည်းပါးဟု ပြည် ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းပြော

0
128

မျောက်ကျောက်ရောဂါ၏ သဘောသဘာဝအရ မြန်မာနိုင်ငံတွင်ဖြစ်ပွားနိုင်ခြေနည်းပါးဟု ပြည် ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းပြော

မျောက်ကျောက်ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မေ ၂၃ ရက်မွန်းလွဲ ၂ နာရီကပြုလုပ်ရာ၌ ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“လတ်တလော အာဖရိက၊အမေရိက၊ဥရောပ နိုင်ငံတချို့မှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေတွေ့ရှိလာတာကို WHO ကသတိပေးချက်ထုတ်ပြန်ထားပါတယ် မြန်မာနိုင်ငံက ကလေးငယ်တွေမှာလည်း ရေကျောက်ရောဂါဖြစ်ပွားတွေ့ရှိမှုတွေရှိလာပါတယ်”ဟုပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်းကပြောသည်။

ထို့ကြောင့် ပြည်သူများကြားတွင် စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရေး၊ယခုအခါ၌ ဖြစ်ပွားမှုမရှိတော့သည့် ကျောက်ကြီးရောဂါ၊အလွန်ပြင်းထန်ခြင်းမရှိသည့် ရေကျောက်ရောဂါနှင့်လတ်တလော နိုင်ငံအချို့တွင် ကူးစက်မှုအသစ်များအဖြစ် တွေ့ရှိရသည့် မျောက်ကျောက်ရောဂါတို့၏ ရောဂါဖြစ် ပွားရာ၌တွေ့ရှိရသော ရောဂါလက္ခဏာများတွင် ကွာခြားမှု၊ဖြစ်နိုင်ခြေတို့အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျန်းမာရေးအသိပညာများမြှင့်တင်ပေးရမည်ဟုပြောသည်။

“မျောက်ကျောက်ရောဂါရဲ့ သဘောသဘာဝအရ မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်ခြေနည်းပါးပေမယ့် အဲ ဒီကျောက်ရောဂါတွေ ရှိရင်းစွဲကူးစက်ရောဂါတွေနဲ့ပတ်သက်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင်‌ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် ရောဂါသံသယရှိပါက နီးစပ်ရာကျန်းမာ ရေးဌာနများတွင် လာရောက်ပြသနိုင်ရေး၊ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးနှင့်ဆေးကုသရေးလုပ် ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရမည်ဟု ပြည်ထောင်စုဝန်ကြီးကမှာကြားသည်။

မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်များတွင် ဖြစ်ပွားမှုမှ လူသို့ကူးစက်သည်ဖြစ်၍ One Health Approach အရ မွေးမြူရေးနှင့်ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့်ကျန်းမာ ရေးကဏ္ဍတို့ ချိတ်ဆက်ဆောင်ရွက်သွားရမည်ဟု ပြောသည်။

“မျောက်ကျောက်ရောဂါ ကူးစက်ဝင်ရောက်မှုမရှိစေရေးအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရာမှာနိုင်ငံတကာ အဓိကအနေနဲ့မြန်မာနိုင်ငံနဲ့ကူး သန်းသွားလာမှုများတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ရောဂါကူးစက်ဖြစ်ပွားလာတာကို မျက်ခြေမပြတ် စောင့်ကြည့်ရမှာဖြစ်ပါတယ် မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေမှာ ဖြစ်ပွားတတ်တဲ့ ရေကျောက် ရောဂါကူးစက်ဖြစ်ပွားမှုတွေအတွက် ရောဂါ စောင့်ကြပ်ကြည့်ရှုတာ၊ ထိန်းချုပ်တာနဲ့ကျန်းမာ ရေးအသိပညာမြှင့်တင်တဲ့ လုပ်ငန်းတွေကို အရှိန် အဟုန်မြှင့်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့အတူ မျောက်ကျောက်ရောဂါအတွက် အဘက်ဘက်မှပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကာ အ ဓိကအားဖြင့် ပြည်သူများကြားစိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန် ကျန်းမာရေးအသိပညာပေးခြင်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ပါ မောက္ခဒေါက်တာအေးထွန်းမှလည်း မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ကူးစက်ဖြစ်ပွားမှုများအား ဆက်လက်စောင့်ကြည့်၍ နိုင်ငံတွင်းလက်ရှိရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ်အား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here