မုန်တိုင်းအန္တရာယ်သတိပေးစနစ်အရောင်အညွှန်းများအား ပြည်သူများသိရှိနားလည်ရန် ပညာပေးမှုများပြုလုပ်ရန်လိုအပ်ဟု နစက ဒု-ဥက္ကဋ္ဌပြော

0
214

မုန်တိုင်းအန္တရာယ်သတိပေးစနစ်အရောင်အညွှန်းများအား ပြည်သူများသိရှိနားလည်ရန် ပညာပေးမှုများပြုလုပ်ရန်လိုအပ်ဟု နစက ဒု-ဥက္ကဋ္ဌပြော

မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများ၊ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့်တာဝန်ရှိသူများအား မော်လမြိုင်မြို့ရှိ ပြည် နယ်ခန်းမ၌တွေ့ဆုံ၍ ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်စဥ် နစက ဒု- ဥက္ကဋ္ဌ၊အမျိုးသားသ ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း မေ ၂၀ ရက်မှစ၍ လေပြင်းများတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မော်လမြိုင်၊ချောင်းဆုံ၊သံဖြူဇ ရပ်၊သထုံ၊ပေါင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ၊ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

“မေ ၂ဝ ရက်က ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းငယ်ကြုံ တွေ့မှုမှာ ပြည်နယ်အစိုးရရဲ့ မှန်ကန်တဲ့စုဖွဲ့မှု၊ကောင်းမွန်တဲ့ ဇာတ်တိုက်လေ့ကျင့်မှု၊ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ၂၄ နာရီအတွင်းဖြစ်ပေါ်ခဲ့တဲ့ ပြဿာနာအခက်အခဲတွေကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြော သည်။

ထို့ပြင် မုန်တိုင်းအန္တရာယ်အား နားလည်သဘော ပေါက်လွယ်စေရန် အရောင် ၅ မျိုးဖြင့် သတိပေးစနစ်အား အဆင့်လိုက်ကြိုတင်သတင်းထုတ်ပြန်မှုများပြုလုပ်ရာတွင် သတိပေးစနစ်အဆင့်ခွဲခြား ထားသည့် အရောင်အညွှန်းများအား ပြည်သူများသိရှိနားလည်းရန်အတွက် ပညာပေးမှုများပြုလုပ်ရန်လိုအပ်ကာ လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်သည်ဟုပြောသည်။

“သဘာဝဘေးအန္တရာယ်ဟာ တားဆီးဖို့မဖြစ်နိုင်တာကြောင့် မဖြစ်ခင်က ကြိုတင်ပြင်ဆင်စုဖွဲ့ထားတာ ဇာတ်တိုက်လေ့ကျင့်ခြင်းထားတာနဲ့ ဖြစ်ပေါ်လာတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်ခြင်းတို့နဲ့သာ ကျော်လွှားနိုင်မှာဖြစ်ပါတယ် ဖြစ်ပြီးရင်လည်း နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေအ တွက် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

မုန်တိုင်းနှင့်အတူ ထူးကဲဒီရေတက်ခြင်းဖြစ်ပေါ်တတ်ကာ ရေကျချိန်တွင်လည်း အညစ်အကြေးများကျန်ရှိခြင်း၊မှက်၊ခြင်၊ယင်များမှတဆင့် ကူးစက်ရောဂါများဖြစ်ပေါ်တတ်ခြင်း၊မသန့်ရှင်းသည့် ရေကြောင့်ရောဂါဖြစ်စေခြင်းတို့ရှိလာနိုင်သည်ဟုပြောသည်။

“သဘာဝဘေးအန္တရာယ်ကို မြန်မာနိုင်ငံတစ်နိုင်ငံတည်းခံစားနေရတာမဟုတ်ပါဘူး ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ဖြစ် ပွားလျက်ရှိပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြော သည်။

ထို့နောက် နစက ဒု-ဥက္ကဋ္ဌ၊အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သဘာဝဘေးသင့်ပြည်သူများအတွက် ဆန်၊အိမ်ဆောက်ပစ္စည်းများ၊ထောက်ပံ့ငွေများနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများအားပေးအပ်ခဲ့သည်။

အလားတူ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းမှလည်း ပြည်နယ်အတွင်းမှ သဘာဝဘေးသင့်ပြည်သူများအား ဆန်၊အိမ်ဆောက်ပစ္စည်းများ၊ထောက်ပံ့ငွေများ၊ နစက အဖွဲ့ဝင်ဒေါက်တာ ဗညားအောင်မိုးက လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် နစက ဒု-ဥက္ကဋ္ဌသည် မော်လမြိုင်မြို့၊ကမ်းနားလမ်း၊ကျောက်မီးသွေးလမ်းဆုံ၊တောင်ဝိုင်းနှင့်ကန်ညီနောင်တို့သို့သွားရောက်၍ ဖက်ခင်းလမ်းနှင့်တောင်ဝိုင်းလမ်းများတွင် ရေကြီးရေလျှံမှုများလျှော့ချရန် ဟောင်သရောမြစ်နှင့်အတ္တရံမြစ်ဆုံရာနေရာများရှိ လုပ်ငန်းဆောင်ရွက်ပြီးစီးသည့်နေရာများနှင့်ဆောင်ရွက်ဆဲနေရာများသို့သွားရောက်ကြည့်ရှု့ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here