လှိုင်ဂူအတွင်းပုန်းနေသည့် မြန်မာနိုင်ငံသား ၂၅ ဦး တာ့ခ်ခရိုင်၌ဖမ်းဆီးခံရ

0
282

လှိုင်ဂူအတွင်းပုန်းနေသည့် မြန်မာနိုင်ငံသား ၂၅ ဦး တာ့ခ်ခရိုင်၌ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊ထာ့ဆောင်ယမ်မြို့နယ်၊ဘန့်မဲဝေ့ဖိုခီကျေးရွာအနီးရှိ လှိုင်ဂူတစ်ခုအတွင်း၌ ပုးန်အောင်းနေသည့် မြန်မာနိုင်ငံသား ၂၅ ဦး မေ ၂၃ ရက်က ဖမ်းဆီးခံခဲ့ရသည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန်တရားမဝင်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများရောက်ရှိနေကြောင်း သတင်းအရ ထိုင်းနိုင်ငံ၏ အမှတ်(၃၅) အထူးခြေမြန်တပ်ရင်းမှတာဝန်ရှိသူများက သွား ရောက်စစ်ဆေးရာမှဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ လှိုင်ဂူအတွင်း၌ မြန်မာနိုင်ငံသား အမျိုး သား ၁၅ ဦးနှငိ့အမျိုးသမီး ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ဦးဆောင်ခေါ်လာသည့် မြန်မာ နိုင်ငံသားပွဲစား တစ်ဦးလည်းပါဝင်သည်ဟု သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်သွားရန်ရောက်ရှိနေသည့် ကား ၄ စီးနှင့်ဆိုင်ကယ် ၁ ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“MoU လမ်းကြောင်းလည်းပွင့်နေပါပြီဗျာ အခုလိုတရားမဝင်လာရင်ဖမ်းခံရတဲ့သတင်းတွေလည်းပြန့်နေတာပါပဲ ဒါကိုပဲ ပွဲစားတွေရဲ့စကားကိုနားယောက်သွားကြတာဆိုးတယ် အခုပွဲစားခကိုပဲ တစ်ယောက်ကို ထိုင်းဘတ် ၂၅၀၀၀ ကနေ ၂၈၀၀၀ လောက်အထိပေးရတယ် ဖမ်းခံလိုက်ရတော့အကုန်လုံး အလကားဖြစ်ကုန်ပြီပေါ့”ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ထာ့ဆောင်ယမ်မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here