မြန်မာ MoU လုပ်သား ၃၀ ဦး ကော့သောင်း-ရနောင်းရေကြောင်းလမ်းမှ ယနေ့သွားရောက်

0
212

မြန်မာ MoU လုပ်သား ၃၀ ဦး ကော့သောင်း-ရနောင်းရေကြောင်းလမ်းမှ ယနေ့သွားရောက်

ထိုင်းနိုင်ငံအလုပ်လုပ်ကိုင်မည့် မြန်မာ MoU လုပ် သား ၃၀ ဦးသည် မေ ၂၄ ရက်(ယနေ့)တွင် တနင်္သာရီတိုင်း၊ကော့သောင်းမြို့မှတဆင့် ကော့သောင်း-ရနောင်းရေကြောင်းလမ်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ MoU လုပ်သား ၃၀ ဦးသည် ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံသို့စတင်ထွက်ခွာသည့် ပထမဆုံးအသုတ်ဖြစ်ကာ အမျိုးသား ၂၀ ဦးနှင့်အမျိုးသမီး ၁၀ ဦးဖြစ်သည်။

မြန်မာအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ Pwint Phoo Aung Co,.Ltd မှ ထိုင်းနိုင်ငံ၊ချုံဖွန်မြို့ရှိ G and A Thaifruit Co,.Ltd ဒူးရင်းသီးမုန့်စက်ရုံ၌ အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ MoU လုပ်သားများအား ရနောင်းမြို့ရှိ ရနောင်းလက်ခံရေးစခန်းတာဝန်ရှိသူများက ထိုင်းနိုင်ငံမှတားမြစ်ထားသည့် ရောဂါ ၆ မျိုးကူးစက်ခံထားရခြင်း ရှိ၊မရှိအား စစ်ဆေးမှုများပြု လုပ်၍ လုပ်ငန်းခွင်သို့ဆက်လက်ပို့ဆောင်ပေးရန် စီစဥ်ဆောင်ရွက်လျက်ရှိသည်။

ရနောင်းလက်ခံရေးစခန်းသို့ ရောက်ရှိလာသည့် မြန်မာ MoU လုပ်သားများသည် ကိုဗစ်(၁၉)ရော ဂါပိုးကူးစက်ခံထားရခြင်းရှိ၊မရှိအား ATK / RTD တို့ဖြင့် ရန်ကုန်မြို့၌စစ်ဆေးပြီးဖြစ်၍ ကိုဗစ်(၁၉) ရောဂါနှင့်ပတ်သက်ကာ ထပ်မံဆေးစစ်ခံရန်မလိုအပ်ကြောင်း သိရသည်။

မြန်မာ MoU လုပ်သားများအား ထိုင်းနိုင်ငံမှပြန် လည်လက်ခံလျက်ရှိရာ မြဝတီမြို့မှတဆင့် အ လုပ်သမား တစ်ထောင်ကျော်အား မေ ၁၀ ရက်မှစတင်ကာ လေးသုတ်ခွဲ၍ စေလွှတ်ထားပြီးဖြစ် သည်။

Photo-ကိုသက်ထွေး(FED)


LEAVE A REPLY

Please enter your comment!
Please enter your name here