ဒဂုံမြောက်ပိုင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးခင်မောင်သန်း နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံရ

0
190

ဒဂုံမြောက်ပိုင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးခင်မောင်သန်း နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၅ ရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးခင်မောင်သန်းသည် မေ ၂၄ ရက်နံနက် ၁၁ နာရီခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

ဦးခင်မောင်သန်းသည် ၄၅ ရပ်ကွက်၏ ဓမ္မစေတီလမ်းရှိ ၎င်း၏နေအိမ်၌ရှိနေစဥ် အမည်မသိအမျိုးသားများက ဧည့်စာရင်းတိုင်မည်ဟုပြောဆိုကာ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

“ဧည့်စာရင်းတိုင်မယ်ပြောပြီးဝင်ပစ်သွားတာလို့ကြားတယ် ရဲတွေကောစစ်သားတွေကောရောက်နေတော့ သွားမကြည့်ရဲဘူး သေနတ်ဒဏ်ရာတွေနဲ့သေသွားပြီလို့ကြားတယ်”ဟု ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ရပ်ကွက်အတွင်းလှည့်လည်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here