ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားသော အဂတိအမှု လေးမှုအတွက် ယနေ့ စွဲချက်တင်အမိန့်ချမှတ်

0
218

ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားသော အဂတိအမှု လေးမှုအတွက် ယနေ့ စွဲချက်တင်အမိန့်ချမှတ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသောအဂတိအမှုလေးမှုအတွက် ယနေ့ မေ ၂၄ ရက်တွင် ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးက စွဲချက်တင်အမိန့်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်းထံမှသိရသည်။

ယနေ့စွဲချက်တင်အမိန့်ချမှတ်ခဲ့သော အဂတိအမှုလေးမှုသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ စွဲဆိုထားသော ရာကြီးမှုအမှတ် ၃၊ ၄၊ ၅ နှင့် ၂၅ အမှုတို့ဖြစ်ကြောင်းသိရသည်။

ယနေ့ရုံးချိန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှအရာရှိ တရားလို ဦးရဲထက်ကို ရှေ့နေအဖွဲ့က အမှုနှင့်ပတ်သက်၍ ပြန်လှန်မေးခွန်းများစစ်မေးခဲ့ကြသည်။

ထို့နောက် စွဲချက်တင်အမိန့်ချမှတ်ကာ လာမည့်ရုံးချိန်းတွင် ပြန်ခေါ်သက်သေများစစ်ဆေးရန် မေ ၃၁ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်းသိရသည်။

ယမန့်နေ့ မေ ၂၃ရက်ကလည်း ရဟတ်ယာဥ်ဌာရမ်း၊ ဝယ်ယူ၊ပြင်ဆင်များနှင့်ပတ်သက်၍ စွဲဆိုထားသော ရာကြီးမှုအမှတ် ၄၅နှင့်၄၆ အမှုနှစ်မှုအတွက် တရားလို ဦးအောင်ခန့်ကို ရှေ့နေအဖွဲ့ကပြန်လှန်မေးခွန်းများမေးမြန်း၍ စစ်ဆေးခဲ့သည်။

အဆိုပါအမှုအတွက် ရုံးချိန်းကို မေ ၃၀ ရက်သို့ပြန်လည်ချိန်းဆိုထားပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းမြင့်တို့နှစ်ဦး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here