စဥ့်ကူးမြို့နယ်တွင် အမျိုးသမီးလေးဦး မိုးကြိုးစက်ကွင်းမိ၍ နှစ်ဦးသေဆုံး

0
119

စဥ့်ကူးမြို့နယ်တွင် အမျိုးသမီးလေးဦး မိုးကြိုးစက်ကွင်းမိ၍ နှစ်ဦးသေဆုံး

 

မန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊နွယ်ရုံကျေးရွာမှ အမျိုးသမီးလေးဦးသည် မေလ၂၃ရက်နေ့ ညနေ၆နာရီကျော်က မိုးသည်ထန်စွာရွာသွန်း မိုးကြိုးပစ်ခဲ့ရာမှ မိုးကြိုးစက်ကွင်း မိ ၍ နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“လယ်ထဲကနေ ရွာကို မိုးရွာနေတဲ့အချိန်ပြန်လာတုန်း မိုးကြိုးပစ်ချလိုက်တာကို ခံလိုက်ရတာပါ။လေးယောက်လုံးက နွယ်ရုံရွာကပါ။နှစ်ယောက်ကတော့ မီလောင်ဒဏ်ရာတွေနဲ့ဆုံးသွားပါပြီ။မသေဘဲကျန်တဲ့နှစ်ယောက်ကိုလည်း မန္တလေးက ဆေးရုံကို ပို့လိုက်ပါပြီ´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ စဥ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊နွယ်ရုံကျေးရွာအနီးတွင် မေလ၂၃ရက်နေ့ ညနေ ၆နာရီ၁၅မိနစ်က နွယ်ရုံကျေးရွာနေ အမျိုးသမီး ၄ ဦးသည် ကျေးရွာအပြင်ဘက်ရှိ စိုက်ခင်းအတွင်းတွင် ပျိုးကျဲ၍ ပြန်လာစဉ် မိုးကြိုးပစ်ရာမှစက်ကွင်းမလွတ်သည့်အတွက် အမျိုးသမီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here