Sunday, December 22, 2024

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA...

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက...

ယခုနှစ် အကောင်းဆုံး E-sport နိုင်ငံဆုတွင်...

နိုင်ငံတကာ Esport အဖွဲ့ချုပ် (IESF)၏ ယခုနှစ် အကောင်းဆုံး Esport နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ Myanmar Electronic Sports Federation...

ပနားမားတူးမြောင်းကို ပြန်လွှဲပေးရန် တောင်းဆိုမည်-ထရမ့်ပ်

ပနားမားတူးမြောင်း အသုံးပြုခ ကို ကောက်ခံသည့်နှုန်းထားများသည် မြင့်မားလွန်းသည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့တွင် စွပ်စွဲပြောကြားလိုက်ပြီး ပနားမားအစိုးရအနေဖြင့် တူးမြောင်း ဖြတ်သန်းခကို လက်ခံနိုင်လောက်သည့်...

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ...

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက်...
HomeNewsLocal Newsကယားပြည်နယ်မှ ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့...

ကယားပြည်နယ်မှ ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခိုလှုံလျက်ရှိသော လူဦးရေ ၉,၂၀၀ ကျော်အား UNHCR ကူညီထောက်ပံ့

ကယားပြည်နယ်မှ ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခိုလှုံလျက်ရှိသော လူဦးရေ ၉,၂၀၀ ကျော်အား UNHCR ကူညီထောက်ပံ့

ရှမ်းပြည်နယ်အတွင်းရှိ ထောင်နှင့်ချီသော နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအား အရေးပေါ်ကယ်ဆယ်ရေးကူညီမှုအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်နေသည်ဟု UNHCR ကယနေ့တွင်ပြောဆိုသည်။

ရှမ်းပြည်နယ်ရှိ ကျေးရွာလူမှုအဆောက်အဦးခိုလှုံရာနေရာများနှင့်စခန်းများတွင် ကယားပြည်နယ်မှ ပြောင်းရွှေ့ နေထိုင်ခိုလှုံလျက်ရှိသော လူဦးရေ ၉,၂၀၀ ကျော် (အိမ်ထောင်စုပေါင်း ၂,၆၂၀စု ) အား UNHCR မှ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးအပ်လျက်ရှိနေကြောင်းသိရသည်။

ဆိုလာမီးအိမ်များ၊ စောင်များ၊ ခြင်ထောင်များ၊ ရေပုံးရေခွက်များ၊ တကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းများ၊ တာပေါ်လင်စများ၊ ဖျာများစသည်တို့ကို ကူညီပံ့ပိုးမှုများလိုအပ်လျက်ရှိနေသည့် အမျိုးသားများ၊ အမျိုးသမီးများ နှင့် သူတို့၏ မိသားစုဝင်များအား ပေးအပ်ထောက်ပံ့ခဲ့ခြင်းသည်။

“တိုက်ပွဲဖြစ်တော့ဘာမှကိုယူချိန်မရခဲ့ဘူး။ အမေ နဲ့ အမေ့ယောကျ်ားအတွက် စောင်လေးတထည်ပဲ ယူခဲ့ရတယ်။ တခြားအရေးကြီးတဲ့ပစ္စည်းတွေလဲ အိမ်မှာပဲကျန်ထားခဲ့ရတယ်။ အခုလက်ခံရရှိတဲ့ ဒီပစ္စည်းတွေက အမေကြီးတို့အတွက် အရမ်းအသုံးဝင်ပါတယ်” ဟု ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်သို့ ရွှေ့ပြောင်းနေထိုင်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်မျိုးမျိုး (အမည်လွှဲ)က ပြောကြောင်း UNHCR ကယနေ့တွင်ဖော်ပြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA ဥက္ကဋ္ဌပြော

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ယင်းကဲ့သို့ ထိန်းသိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် စားသုံးဆီကို အိမ်အရောက်ပို့စနစ်ဖြင့် ပို့ဆောင်ပေးနေသလို ဆီဝယ်ယူခွင့်စာအုပ်များဖြင့်လည်း အိမ်ထောင်စုတစ်စုလျှင် (၃) ပိဿာနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။ " စားသုံးဆီဈေးက ရန်ကုန်တိုင်းမှာတော့ ကျွန်တော်တို့ တော်တော်လေးကို ထိန်းသိမ်းပြီးတော့...

ယခုနှစ် အကောင်းဆုံး E-sport နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ ဒုတိယရရှိ

နိုင်ငံတကာ Esport အဖွဲ့ချုပ် (IESF)၏ ယခုနှစ် အကောင်းဆုံး Esport နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ Myanmar Electronic Sports Federation က ဒုတိယဆုရရှိကြောင်း IESF က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသ ည်။ အကောင်းဆုံး Esport နိုင်ငံဆုတွင် အင်ဒိုနီးရှားနိုင်ငံက အကောင်းဆုံးဆုကို ရရှိခဲ့ပြီး ဆုအတွက်ကြေညာခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကျင်းပခဲ့သော IESF World Esports Summit တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုပေးအပ်ရန်...

ပနားမားတူးမြောင်းကို ပြန်လွှဲပေးရန် တောင်းဆိုမည်-ထရမ့်ပ်

ပနားမားတူးမြောင်း အသုံးပြုခ ကို ကောက်ခံသည့်နှုန်းထားများသည် မြင့်မားလွန်းသည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့တွင် စွပ်စွဲပြောကြားလိုက်ပြီး ပနားမားအစိုးရအနေဖြင့် တူးမြောင်း ဖြတ်သန်းခကို လက်ခံနိုင်လောက်သည့် စနစ်ဖြင့် စီမံခန့်ခွဲခြင်းမလုပ်ပါက ယင်းကို လွှဲပြောင်းပေးအပ်ရန် အမေရိကမဟာမိတ်ထံ သူ တောင်းဆိုသွားမှာဖြစ်ကြောင်း ဆိုခဲ့သည်။ Truth ဆိုရှယ်မီဒီယာပေါ်တွင် ညနေပိုင်းတင်ခဲ့သောပို့စ်၌ တူးမြောင်းကို မသင့်တော်သောသူ ၏ လက်တွင်းကျရောက်ခံမည်မဟုတ်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။ တူးမြောင်းကို တရုတ်နိုင်ငံက စီမံခန့်ခွဲမှုမရသင့်ဟု ရေး သား ခဲ့ကာ တူးမြောင်းကို ဖြတ်သန်းမှုအပေါ် တရုတ်၏ သြဇာလွှမ်းမိုးလာနိုင်ခြေရှိခြင်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071