ကယားပြည်နယ်မှ ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခိုလှုံလျက်ရှိသော လူဦးရေ ၉,၂၀၀ ကျော်အား UNHCR ကူညီထောက်ပံ့

0
108

ကယားပြည်နယ်မှ ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခိုလှုံလျက်ရှိသော လူဦးရေ ၉,၂၀၀ ကျော်အား UNHCR ကူညီထောက်ပံ့

ရှမ်းပြည်နယ်အတွင်းရှိ ထောင်နှင့်ချီသော နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအား အရေးပေါ်ကယ်ဆယ်ရေးကူညီမှုအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်နေသည်ဟု UNHCR ကယနေ့တွင်ပြောဆိုသည်။

ရှမ်းပြည်နယ်ရှိ ကျေးရွာလူမှုအဆောက်အဦးခိုလှုံရာနေရာများနှင့်စခန်းများတွင် ကယားပြည်နယ်မှ ပြောင်းရွှေ့ နေထိုင်ခိုလှုံလျက်ရှိသော လူဦးရေ ၉,၂၀၀ ကျော် (အိမ်ထောင်စုပေါင်း ၂,၆၂၀စု ) အား UNHCR မှ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးအပ်လျက်ရှိနေကြောင်းသိရသည်။

ဆိုလာမီးအိမ်များ၊ စောင်များ၊ ခြင်ထောင်များ၊ ရေပုံးရေခွက်များ၊ တကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းများ၊ တာပေါ်လင်စများ၊ ဖျာများစသည်တို့ကို ကူညီပံ့ပိုးမှုများလိုအပ်လျက်ရှိနေသည့် အမျိုးသားများ၊ အမျိုးသမီးများ နှင့် သူတို့၏ မိသားစုဝင်များအား ပေးအပ်ထောက်ပံ့ခဲ့ခြင်းသည်။

“တိုက်ပွဲဖြစ်တော့ဘာမှကိုယူချိန်မရခဲ့ဘူး။ အမေ နဲ့ အမေ့ယောကျ်ားအတွက် စောင်လေးတထည်ပဲ ယူခဲ့ရတယ်။ တခြားအရေးကြီးတဲ့ပစ္စည်းတွေလဲ အိမ်မှာပဲကျန်ထားခဲ့ရတယ်။ အခုလက်ခံရရှိတဲ့ ဒီပစ္စည်းတွေက အမေကြီးတို့အတွက် အရမ်းအသုံးဝင်ပါတယ်” ဟု ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်သို့ ရွှေ့ပြောင်းနေထိုင်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်မျိုးမျိုး (အမည်လွှဲ)က ပြောကြောင်း UNHCR ကယနေ့တွင်ဖော်ပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here