တိုယိုတာသည် ဇွန်လတွင် ကားအစီးရေထုတ်လုပ်မှု ၁သိန်းခန့် လျှော့ချသွားမည်

0
150

တိုယိုတာသည် ဇွန်လတွင် ကားအစီးရေထုတ်လုပ်မှု ၁သိန်းခန့် လျှော့ချသွားမည်

တိုကျို၊ မေ ၂၄

တိုယိုတာ မော်တော် ကော်ပိုရေရှင်း သည် ဆီမီးကွန်ဒတ်တာ ပြတ်လပ်မှုကြောင့် ကားအစီးရေ ၁သိန်းမှ ၈သိန်းခွဲခန့်အထိ လျှော့ချ ထုတ်လုပ်မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားသည်။

ထိုသို့​လျော့ချခြင်းမှာ ​ခေတ္တသာဖြစ်ပြီး ၂၀၂၃ မတ်လတွင် ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေ ကားအစီးရေ ၉.၇ သန်းခန့် ထုတ်လုပ်မည့် အစီအစဉ်ကိုမူတိုယိုတာက ပြောင်းလဲမည်မဟုတ်ပေ။

 ရှန်ဟိုင်းတွင် ကိုဗစ်​ လော့ဒေါင်းချထားခြင်းများကြောင့် ကုန်ကြမ်း ပြတ်လပ်မှုဖြစ်ပေါ် ​နေသဖြင့်ကားထုတ်လုပ်သည့်စက်ရုံလိုင်းများ ဆိုင်းငံထားရကြောင်းကြေညာထားသည်။

အဆိုပါ ဆိုင်းငံမှုသည် ၅ ရက် ကြာမြင့်မည်ဖြစ်ပြီး မေလမှ ဇွန်လ အတွင်း စုစုပေါင်း စက်ရုံ ၁၀ ရုံရှိ ထုတ်လုပ်မှုများကို နှောင့်နှေးစေမည်ဖြစ်သည်။

တိုယိုတာသည် ဇွန်လမှ ဩဂုတ်လတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်လလျှင် ပျမ်းမျှ ကားအစီးရေ ၈သိန်း ခန့် ထုတ်လုပ်ရန် စီစဉ်ထားသည်။ သို့သော် ကုန်ပစ္စည်းပြတ်လပ်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု နှင့် အခြားသော အကြောင်းအရာများက ရှေ့ဆက်ရန် ခက်ခဲစေသည်ဟု တိုယိုတာက ပြောကြားခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here