ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် လေ ပြင်းတိုက်ခတ်ကာမိုးသည်းထန်စွာရွာ သွန်း၍ သစ်ပင်များပြိုလဲခဲ့

0
287

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် လေ ပြင်းတိုက်ခတ်ကာမိုးသည်းထန်စွာရွာ သွန်း၍ သစ်ပင်များပြိုလဲခဲ့

ရန်ကုန်တိုင်းအတွင်း မေ ၂၄ ရက် (ယနေ့)နေ့လည်ပိုင်းက လေပြင်းတိုက် ခတ်ကာမိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရွှေပြည်သာ၊ကြည့်မြင်တိုင်၊မရမ်းကုန်း၊မြောက်ဥက္ကလာပ၊သင်္ဃန်းကျွန်းနှင့်တိုက်ကြီးမြို့နယ်တို့တွင် သစ်ပင်လဲ ကျမှုများဖြစ်ပေါ်ခဲ့သည်ဟု မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ရွှေပြည်သာမြို့နယ်၊အမှတ်(၆)ရပ် ကွက်၊မဲခေါင်လမ်းတွင် လေပြင်းတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲကျကာ မကွေးလမ်းရှိ အ မှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းခြံစည်းရိုးပေါ်သို့လည်း သစ်ပင်လဲများလဲကျမှုအား ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းပေးခဲ့ကြသည်။

ထို့ပြင် ကြည့်မြင်တိုင်မြို့နယ်၊ကရင်အမျိုးသားရပ်ကွက်၊အောက်ကြည့်မြင်တိုင်လမ်း၊စျေးကလေးရပ်ကွက်၊ကမ်းနားလမ်းတို့တွင် လေပြင်းတိုက်ကာမိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်များလဲကျခဲ့သဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့သည်။

အလားတူ မရမ်းကုန်းမြို့နယ်၊အမှတ်(၅)ရပ် ကွက်၊ဥက္ကလာလမ်းတွင် လေပြင်းတိုက်ကာမိုးသည်း ထန်စွာရွာသွန်း၍ သစ်ပင်များလဲကျခဲ့သဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်စလင်းပေးခဲ့ကြသည်။

ထို့အတူ မြောက်ဥက္ကလာပမြို့နယ်၊(၂)ရပ်ကွက်၌ လေပြင်းတိုက်ကာ မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်များလဲကျခဲ့သဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းပေးခဲ့ကြောင်း သိရသည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ (၂၉)ရပ်ကွက်တွင် မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျမှုအား သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့သည်။

အလားတူ တိုက်ကြီးမြို့နယ်၊ဈေးရပ် ကွက်၊မုတ်သုန်(၂)လမ်းတွင်လည်း မိုး သည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်၍ သစ်ပင်များလဲကျမှုအား တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှင်းလင်းပေးခဲ့ကြသည်။

သစ်ပင်လဲကျမှုဖြစ်စဥ်များတွင် လူများထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here