တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) စတင်လည်ပတ်၊ ကားလမ်းနှင့်ရထားလမ်း ပူးပေါင်းပို့ဆောင်သည့်ပုံစံဖြင့် မန္တလေးမြို့သို့ရောက်လာမည်

0
194
တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) စတင်လည်ပတ်၊ ကားလမ်းနှင့်ရထားလမ်း ပူးပေါင်းပို့ဆောင်သည့်ပုံစံဖြင့် မန္တလေးမြို့သို့ရောက်လာမည်
တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်း ရထားတွဲသည် မေလ ၂၃ ရက်နေ့တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှစတင်ထွက်ခွါလာခဲ့ပြီဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးဖော်ပြသည်။
အဆိုပါရထားသည် တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) စတင်လည်ပတ်ခြင်းကို ကိုယ်စားပြုနေကြောင်းလည်းဖော်ပြသည်။
ယခုထွက်ခွါလာသည့် ရထားတွဲ၌ စံချိန်မီကွန်တိန်နာပေါင်း အလုံး ၆၀ သယ်ဆောင်လာရာ စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသည်တို့ပါဝင်သည်ဟုသိရသည်။
ရထားတွဲသည် ယူနန်ပြည်နယ် လင်ချန်းနယ်စပ်ဂိတ်မှတစ်ဆင့် ကားလမ်းနှင့်ရထားလမ်း ပူးပေါင်းပို့ဆောင်သည့်ပုံစံဖြင့် ၁၅ ရက်အကြာတွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ရောက်ရှိမည်ဟုသိရသည်။
ခန့်မှန်းတွက်ချက်မှုအရ ချုံချင့်နှင့်မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာချိန်သည် သမားရိုးကျနည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀% လျှော့ချနိုင်မည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးဖော်ပြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here