မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားများနှင့်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရန် နိုင်ငံတော်အဆင့်တင်ပြပြီးမှသာ ပြန်လည်ဖွင့်လှစ်မည့်ရက်အား အကြောင်းပြန်မည်

0
87

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားများနှင့်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရန် နိုင်ငံတော်အဆင့်တင်ပြပြီးမှသာ ပြန်လည်ဖွင့်လှစ်မည့်ရက်အား အကြောင်းပြန်မည်

ရှမ်းပြည်(အရှေ့ပိုင်း)ရှိ မြန်မာ-ထိုင်းနယ်စပ်ချစ် ကြည်ရေးတံတားများနှင့်နယ်စပ်ဂိတ်များ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ အကြိုညှိနှိုင်းဆွေးနွေးပွဲအား မေ ၂၄ ရက်ကပြု လုပ်ခဲ့သည်။

မြန်မာ-ထိုင်း ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ အဓိကအရေးပါသည့် ချစ်ကြည်ရေးတံတားအ မှတ်(၁)၊ချစ်ကြည်ရေးတံတားအမှတ်(၂)နှင့်နယ် စပ်ဂိတ်များအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန်အတွက် ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင်၊မယ်ဆိုင်မြို့၊အ မှတ်(၂)ချစ်ကြည်ရေးတံတားရှိ အကောက်ခွန်အ စည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“တံတား(၁)အပါအဝင် နယ်စပ်ဂိတ်တွေဖွင့်လှစ်တဲ့အခါဆောင်ရွက်ရမယ့် ကိုဗစ်(၁၉)ရောဂါကာကွယ်ထိမ်းချုပ်ရေးကိစ္စအပါအဝင် လူဝင်ခွင့်ကြီး ကြပ်ရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သတ်ပြီး ဆွေး နွေးခဲ့ပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က ရှမ်းအရှေ့သတင်းမဏ္ဍိုင်သို့ပြော သည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံတာဝန်ရှိသူများမှ နယ် စပ်ဖြတ်သန်းကူးသန်းရာ၌ သတ်မှတ်ထားသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ထိမ်းချုပ်သည့် စည်း မျဉ်းစည်းကမ်းများနှင့်ကိုက်ညီအဆင်ပြေရန်၊နှစ်နိုင်ငံဖြတ်သန်းပြီး လူဝင်ထွက်ပြုလုပ်ရာ၌ သတ် မှတ်ထားသည့် ကျန်းမာရေးစည်းကမ်းများလိုက် နာရန်နှင့်ကိုဗစ်(၁၉)ရောဂါကာကွယ်​​ဆေးနှစ်ကြိမ် ထိုးပြီးကြောင်း ကျန်းမာ​ရေးဝန်ကြီးဌာန၏ အသိ အမှတ်ပြုထောက်ခံစာများမဖြစ်မနေပါရှိရန်တို့အား အဓိကထား၍ဆွေးနွေးခဲ့ကြသည်။

အလားတူ ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင်၊အုပ်ချုပ်ရေးမှူးမှ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပိုမိုကောင်းမွန်ရေးအတွက် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ်(၁)အားအမြန်ဆုံး ဖွင့်စေလိုကာ မြန်မာနိုင်ငံဖက်မှ တံတားဖွင့်ရန်လုပ်ဆောင်ရမည်များအား ပြေလည်စွာညှိနှိုင်းသွားမည်ဟု ဆွေး နွေးပြောကြားခဲ့သည်။

အလားတူ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအ မှတ်(၁)အားအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးမှုများအား နိုင်ငံတော်အဆင့်တင်ပြပြီးမှသာ ဖွင့်မည့်ရက်အားအကြောင်းပြန်မည်ဟု နှစ်နိုင်ငံတာဝန်ရှိသူများမှ သဘောတူညီခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်မှဦးဆောင်ကာ စစ်ဗျူဟာ(အခြေချ)ဗိုလ်မှူးကြီးမင်းမင်းထွန်းနှင့်ခရိုင်၊မြို့နယ်အဆင့်ရှိ ထွေအုပ်၊ကျန်းမာ ရေးဝန်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးဌာန၊အ ကောက်ခွန်ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ ထိုင်းနိုင်ငံဘက်မှလည်း ချင်းရိုင်ခရိုင် အုပ်ချုုပ်ရေးမှူး၊မယ်ဆိုင်မြို့အုပ်ချုပ်ရေးမှူး၊ကျန်းမာရေးဌာနနှင့်ဌာနဆိုင်ရာများ၊နှစ်နိုင်ငံ ဆက်သွယ်ရေးတာဝန်ရှိသူများ၊နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးမှ တာဝန်ရှိသူများတက်ရောက်ဆွေး နွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here