မိတ္ထီလာမြို့တွင် လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လုယက်ခံရသူအမျိုးသမီး လက်တစ်ဖက်ပြတ်ခဲ့

0
49

မိတ္ထီလာမြို့တွင် လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လုယက်ခံရသူအမျိုးသမီး လက်တစ်ဖက်ပြတ်ခဲ့

မိတ္ထီလာမြို့အဝင် ကန်နောင်ကျေးရွာအုပ်စု၊ကန်သာအေးရွာဘုန်းကြီးကျောင်းအနီးတွင် သမီးရည်းစားနှစ်ဦးချိန်းတွေ့နေစဉ် အကြမ်းဖက်လုယက်သူများရောက်ရှိလာကာ ၎င်းတို့ထံမှ ဓားဖြင့်ခုတ်၍ အကြမ်းဖက်လုယက်ခဲ့ရာ လုယက်ခံရသူအမျိုးသမီးလက်တစ်ဖက်ပြတ်ခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ကောင်လေးနဲ့ကောင်မလေးက ကန်သာအေးရွာဘုန်းကြီးကျောင်းနားမှာ ချိန်းတွေ့နေတုန်းမှာ လုယက်တဲ့သူတွေရောက်လာပြီး သူတို့ဆီက ပိုက်ဆံနဲ့ရွှေကိုတောင်းတော့ ကောင်မလေးက အော်ပြီးအကူအညီတောင်းတော့ ပတ်ဝန်းကျင်ကလူတွေရောက်လာပြီး လုတဲ့သူတွေကို ဝိုင်းဖမ်းကြတာနှစ်ယောက်ဖမ်းမိတယ်။လုယက်တဲ့သူတွေက သုံးယောက်လို့သိရတယ်။အလုခံရတဲ့ကောင်မလေးကတော့ လာလုတဲ့သူတွေက ဓားနဲ့ခုတ်လို့ လက်တစ်ဖက်ပြတ်သွားပါတယ်။စိတ်မကောင်းပါဘူး´´လို့ ဒေသခံတစ်ဦးကပြောသည်။

လုယက်မှုဖြစ်စဉ်မှာမေလ၂၄ရက် မွန်းလွဲ၁၂နာရီကျော်ခန့်ကဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်တွင် လုယက်ခံရသူများ၏ အော်ဟစ်အကူအညီတောင်းခံမှုကြောင့် အနီးပတ်ဝန်းကျင်မှ ပြည်သူများရောက်ရှိလာပြီး လုယက်သူများအား ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အကြမ်းဖက်လုယက်သူ၃ဦးအနက် ၂ဦးအားဖမ်းဆီးရမိခဲ့ပြီး လုယက်ခံရသူအမျိုးသမီးမှာ လုယက်သူများ၏ ဓားဖြင့်ခုတ်ခံရမှုကြောင့် လက်တစ်ဖက်ပြတ်ခဲ့ရကြောင်း၊ဖမ်းဆီးရမိခဲ့သည့် လုယက်သူနှစ်ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့သို့ အပ်နှံပြီးဖြစ်ကြောင်းလည်း သိရသည်။

Photo -CJ


LEAVE A REPLY

Please enter your comment!
Please enter your name here