တရုတ်နိုင်ငံဘက်ရှိ ကျယ်ဂေါင်နှင့်ဝမ်တိန်တို့တွင်ပိတ်မိနေသည့် မြန်မာကုန်ကားများနှင့်ကုန်ပစ္စည်းများအား ပြန်ထုတ်ပေးသွားမည်

0
169

တရုတ်နိုင်ငံဘက်ရှိ ကျယ်ဂေါင်နှင့်ဝမ်တိန်တို့တွင်ပိတ်မိနေသည့် မြန်မာကုန်ကားများနှင့်ကုန်ပစ္စည်းများအား ပြန်ထုတ်ပေးသွားမည်

ကိုဗစ်(၁၉)ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ထားရာတွင် တရုတ်နိုင်ငံဘက်၌ ပိတ်မိနေသည့် မြန်မာကုန်ကားများနှင့်ကုန်ပစ္စည်းများအား လိုအပ်သည့်အချက်အလက်များကို ဖောင်ဖြည့်ကာပြန်လည်ထုတ်ပေးသွားမည်ဟု တ ရုတ်နိုင်ငံဘက်မှထုတ်ပြန်ထားသည်ဟု သိရသည်။

ထိုသို့ ထုတ်ပေးမှုအား မေ ၂၃ ရက်မှစတင်ပြု လုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာကုန်ကားများနှင့်ကုန်ပ စ္စည်းများအား ကျင်စန်းကျော့ဂိတ်မှတဆင့် ပြန်ထုတ်ပေးခြင်းဖြစ်သည်။

“ကျယ်ဂေါင်နဲ့ဝမ်တိန် ကနေကုန်ထုတ်ဖို့နှစ်နိုင်ငံညှိနှိုင်းနေကြတယ် ကုန်ပစ္စည်းတွေကို ကျင်စန်းကျော့ဂိတ်ကဖြတ်ပြီးပြန်ထုတ်ခွင့်ပြုထားတယ် ပြန်ထုတ်တယ်ဆိုရာမှာလည်း ကျယ်ဂေါင်ဘက်မှာကျယ်ဂေါင်အကောက်ခွန်ကသပ်သပ်ဝမ်တိန်ဘက်မှာ ဝမ်တိန်အကောက်ခွန်ကသပ်သပ်ဖြစ်တဲ့အတွက် အကောက်ခွန်နေရာမှာနည်းနည်းလေးရှုပ်ထွေးမှုရှိတယ်”ဟု မူဆယ်-နမ့်ခမ်းနယ် စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဒု- ဥက္ကဋ္ဌဦးစိုင်းခမ်းမောင် ကပြောသည်။

မြန်မာနိုင်ငံဘက်သို့ အဓိကတင်ပို့သည့် ကုန်ပ စ္စည်းအများစုသည် အလှကုန်ပစ္စည်း၊ယာဥ်ယန္တ ရားအပိုပစ္စည်းနှင့်ကုန်မာပစ္စည်းများမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

“အခုလို ကုန်ပစ္စည်းတွေထုတ်ယူခွင့်ပြုတာမှာ ကောင်းကျိုးကတော့ ရက်ကြာပိတ်မိနေတဲ့ကုန် ပစ္စည်းတွေပြန်ပြီးထုတ်ယူလို့ရတာပေါ့ ဒါပေမယ့် အားနည်းချက်တွေက ကျယ်ဂေါင်မှာမြန်မာဘက်ကကိုယ်စားလှယ်တွေမရှိတော့ဘူး မရှိတော့ ဂိုထောင်ကပစ္စည်းတွေကိုပြန်ပြီးထုတ်ယူဖို့ဆိုတာ တော်တော်ကိုခက်ခဲတဲ့ကိစ္စဖြစ်နေတာပေါ့”ဟု မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဒု-ဥက္ကဋ္ဌဦးစိုင်းခမ်းမောင်ကပြောသည်။

ထို့ပြင် တရုတ်နိုင်ငံဘက်မှ အကောက်ခွန်ရှင်းလင်းမှုတွင်လည်း အနည်းငယ်ရှုပ်ထွေးမှုများရှိ၍ လမ်းခရီးကြန့်ကြာမှုနှင့်ကုန်ကျစရိတ်များမှုများရှိနိုင်သည်ဟု ဒု-ဥက္ကဋ္ဌဦးစိုင်းခမ်းမောင်၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here