၂၀၂၂ ဧပြီလအတွင်း အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၅၀၀၀၀ခန့်အထိ တင်ပို့နိုင်ခဲ့

0
114

၂၀၂၂ ဧပြီလအတွင်း အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၅၀၀၀၀ခန့်အထိ တင်ပို့နိုင်ခဲ့

၂၀၂၂ ခုနှစ် ဧပြီလတွင် မြန်မာ့ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေဖြင့် စုစုပေါင်းတင်ပို့မှုတန်ချိန် ၁၇၅၉၁၀ ခန့်၊တန်ဖိုး အမေရိကန် ဒေါ်လာ ၅၈ ဒသမ ၉၃၃ သန်း ရရှိခဲ့သည်ဟုသိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၉၂၆၀ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားကူးသန်းသတင်းတစ်ရပ်ကဖော်ပြသည်။

ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၂၆၀ဝ ခန့် တင်ပို့ခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းကဖော်ပြသည်။ မြန်မာနိုင်ငံမှဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ အိုင်ဗရီကို့စ်နိုင်ငံသို့ တန်ချိန် ၁၀ဝဝဝ ခန့်၊ ကင်မရွန်းနိုင်ငံသို့ တန်ချိန် ၉၀ဝ၀ ခန့်၊ အင်ဂိုလာနိုင်ငံသို့ တန်ချိန် ၁၅၀ဝ၀ ခန့်၊ မက်ဒါဂါးစတားနိုင်ငံသို့ တန်ချိန် ၈၅၀ဝ ခန့်၊ အာရှနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တန်ချိန် ၁၄၃၀ဝ ကျော်၊ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၂၂၀ဝ ခန့်နှင့် သီရိလင်္ကာနိုင်ငံသို့ တန်ချိန် ၂၅၀ ခန့်၊ဟောင်ကောင်နိုင်ငံသို့ တန်ချိန် ၁၈၀ ခန့် တင်ပို့ခဲသည်ဟုသိရသည်။

အီးယူအဖွဲ့ဝင် နိုင်ငံများဖြစ်သော ပိုလန်နိုင်ငံသို့ တန်ချိန် ၈၈၀ဝ ခန့် ၊လစ်သူရေးနီးယားနိုင်ငံသို့ တန်ချိန် ၈၂၀ဝ ခန့် ၊ အီတလီ နိုင်ငံသို့ တန်ချိန် ၈၆၉၀ ခန့်၊ စပိန်နိုင်ငံသို့ တန်ချိန် ၁၅၁၈၀ ခန့်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ တန်ချိန် ၇၇၅၀ ခန့်နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ တန်ချိန် ၇၀ဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်ဧပြီလတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဆန်တန်ချိန်၄၁၈၀ခန့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၀ သန်းခန့် ရရှိခဲ့သည်ဟုသိရသည်။ ပင်လယ်ရေကြောင်းနှင့်နယ်စပ်မှဧပြီလအတွက် စုစုပေါင်း ဆန်တန်ချိန် ၁၂၃၄၄၀ ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ ၄၂ ဒသမ ၇၀၈ သန်း ရရှိခဲ့ကြောင်းသိရသည်။၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၅၀၅၃၀ ကျော် တင်ပို့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆၂၇ သန်း ရရှိခဲ့ကြောင်းသိရသည်။တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တန်ချိန် ၁၈၂၀ဝ ခန့်၊ဘယ်လ်ဂျီယံနိုင်ငံသို့တန်ချိန် ၃၀၆၀ဝ ခန့်၊လစ်သူရေးနီးယားနိုင်ငံသို့တန်ချိန် ၁၀ဝ၀ ခန့်၊ပိုလန်နိုင်ငံသို့တန်ချိန် ၅၀ဝ ခန့်၊စင်ကာပူနိုင်ငံသို့တန်ချိန် ၁၈၀ ခန့်နှင့် ဂျာမနီ နိုင်ငံသို့ တန်ချိန် ၅၀ ခန့် တင်ပို့နိုင်ခဲ့သည်မြန်မာ-တရုတ်နယ်စပ်မှ ဆန်ကွဲတန်ချိန် ၁၆၂၀ ခန့် ၊ မြန်မာ-ထိုင်းနယ်စပ်မှ ၃၂၀ ခန့် စုစုပေါင်းတန်ချိန် ၁၉၄၀ ခန့် တန်ဖိုး သုည ဒသမ ၅၉၈ သန်းခန့်ရရှိခဲ့သည်ဟုသိရသည်

 


LEAVE A REPLY

Please enter your comment!
Please enter your name here