လေးနိုင်ငံအစည်းအဝေး၌ တရုတ်ကို တန်ပြန်မည့်အရာများဆွေးနွေးခဲ့

0
178

လေးနိုင်ငံအစည်းအဝေး၌ တရုတ်ကို တန်ပြန်မည့်အရာများဆွေးနွေးခဲ့

တိုကျို၊​မေ ၂၄

အမေရိကန်၊ဂျပန်၊အိန္ဒိယနှင့် ဩစတေးလျ ​QUAD ခေါင်းဆောင်များသည် တရုတ်နိုင်ငံ၏ဒေသတွင်းလွှမ်းမိုးမှုကို တုံ့ပြန်ရန် အင်ဒိုပစိဖိတ်ဒေသတွင်​ရေ​ကြောင်း​စောင့်ကြည့်​ရေးအတွက် ဒေါ်လာ သန်း ၅၀ ဖိုးရင်းနှီးမြှုပ်နှံကာ ပဏာမ​ခြေလှမ်းစတင်လိုက်ကြသည်။

ထိုကတိကို လေးနိုင်ငံခေါင်းဆောင်များ တိုကျိုတွင်တွေ့ဆုံဆွေးနွေးအပြီး အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်အဖွဲ့များ၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်စစ်ရေးအင်အားကိုမည်သို့တုံ့ပြန်မည်ဟူသောအချက်၊ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊နည်းပညာကိစ္စများ၊ကိုဗစ် ရောဂါ‌အကြောင်း၊ ရုရှားနှင့်ယူကရိန်းအရေး စသည့်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြသည်။

ရုရှားနှင့်ရင်းနှီးသောဆက်ဆံရေးရှိသည့် အိန္ဒိယနိုင်ငံတစ်နိုင်ငံသာလျှင် ရုရှား – ယူကရိန်းအရေးအတွက်မည်သည့် မှတ်ချက်မပြုခဲ့ပေ။

ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံဟု အတိအကျမဖော်ပြသော်လည်း “၎င်းတို့အနေဖြင့် အင်ဒိုပစိဖိတ်ဒေသ၏ အခြေအနေကိုထိပါးလာမည့် နိုင်ထက်စီးနင်းပြုကျင့်မှု၊ရန်စမှု၊တစ်ဖက်သတ်ဆန်မှုများကို အပြင်းအထန်တုံ့ပြန်သွားမည်ဟု ခေါင်းဆောင်များကဆိုခဲ့သည်။

ထိုအချက်များတွင် အငြင်းပွားမှုများကို စစ်ရေးအသွင်သဏ္ဍန်ပုံ​ဖော်ခြင်း၊ ကမ်းခြေစောင့်ယာဉ်များနှင့် ရေကြောင်းပြည်သူ့စစ်များကို တလွဲအသုံးချခြင်း၊အခြားနိုင်ငံများ၏ကမ်းလွန်သယံဇာတထုတ်ယူခြင်းလုပ်ငန်းများကိုနှောင့်ယှက်ရန်ကြိုးပမ်းမှုများစသည်တို့ပါဝင်သည်။ဤစွပ်စွဲချက်များသည်တရုတ်နိုင်ငံကို​စောင်း​ပြောခြင်းဖြစ်သည်။

ဖော်ပြပါအချက်များထဲမှ အချို့ကိုကိုင်တွယ်ဖြေရှင်းရန် မဟာမိတ်အဖွဲ့မှ ရေကြောင်းစောင့်ကြည့်ရေးပဏာမခြေလှမ်းအသစ်(IPMDA) ကိုစတင်ကြေညာခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသတွင်း သဘာဝဘေးအန္တရာယ်၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးများနှင့် တရားမဝင်ငါးဖမ်းမှုများအတွက် မိတ်ဖက်များဖြင့်အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင်၎င်းတို့သည် ယခုနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကြီးထွားလာသည့် ပစိဖိတ်ဒေသရှိကျွန်းနိုင်ငံများအတွက် ထပ်လောင်းအကူအညီကို အထူးကတိပြုခဲ့ကြသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here