ဒဂုံမြောက်ပိုင်းရှိ မီးပွိုင့်တစ်ခုတွင် ကားသုံးစီးတိုက်မိ၍ ၈ ဦးဒဏ်ရာရ

0
248

ဒဂုံမြောက်ပိုင်းရှိ မီးပွိုင့်တစ်ခုတွင် ကားသုံးစီးတိုက်မိ၍ ၈ ဦးဒဏ်ရာရ

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ဗိုလ် မှူးဗထူးလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်ရှိ မီးပွိုင့်တွင် မေ ၂၄ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကားသုံးစီးတိုက်မိခဲ့သည်ဟု ကြည်မြင်တိုင်ဟစ်တိုင်- လူမှုကူညီရေးအသင်းမှ သိရသည်။

၁၀ ဘီးကုန်တင်ကား၊ကြက်များတင်ဆောင်လာသည့်ကားနှင့်ကိုယ်ပိုင်ကားတို့တိုက်မိခဲ့ခြင်းဖြစ်ကာ ကြက်များတင်ဆောင်လာသည့် ကားမှာတိမ်းမှောက်သွားခဲ့သည်ဟု သိရသည်။

“ကြက်တွေတင်လာတဲ့ကားမှောက်တယ် ကိုယ်ပိုင် ကားပေါ်က လူ ၁ ယောက်ကကားပေါ်မှာညပ်သွားတယ် ညပ်နေတဲ့လူကို ၁၅ မိနစ်လောက်ကြာအောင်ကယ်ထုတ်ခဲ့ရပါတယ် ကားပေါ်မှာက မောင်းတဲ့လူနဲ့ဆိုရင် ၂ ယောက်ပါတယ်”ဟု ကြည်မြင်တိုင်ဟစ်တိုင်-လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကပြောသည်။

ဖြစ်စဥ်၌ ကြက်များတင်ဆောင်လာသည့် ကားပေါ်မှ ၆ ဦးနှင့်ကိုယ်ပိုင်ကားပေါ်မှ ၂ ဦး(စုစုပေါင်း ၈ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ဖြင့် ကြည့်မြင်တိုင်ဟစ်တိုင်-လူမှုကူညီရေးအသင်း၊မြင့်မိုရ်လူမှူကူညီရေးအသင်း၊ 41 လူမှူကူညီရေးအသင်းနှင့် North Dagon Rescue Fighter(N.D.R.F)အ သင်းတို့မှ လူနာတင်ကားများဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

“စိုးရိမ်ရဒဏ်ရာရတာ ၂ ယောက်ပါတယ် ကျန်တဲ့ ၆ ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရတာဖြစ်တဲ့အတွက် မစိုးရိမ်ရပါဘူး”ဟု ကြည်မြင်တိုငိဟစ်တိုင်-လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကပြော သည်။

Photo-ကြည်မြင်တိုင်ဟစ်တိုင်-လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here