လေဆိပ်များတွင်မျောက်ကျောက်ရောဂါလက္ခဏာများစစ်​ဆေး

0
111

လေဆိပ်များတွင်မျောက်ကျောက်ရောဂါလက္ခဏာများစစ်​ဆေး

ဘန်​ကောက်၊​မေ ၂၅

မျောက်ကျောက်ရောဂါဖြစ်ပွားနေကြောင်း အတည်ပြုထားသည့် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဆိုက်ရောက် ခရီးသည်များကိုအပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ စစ်ဆေးခြင်း အဆင့်မြှင့်တင်ရန် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားကြောင်း လက်ထောက်ဝန်ကြီး Sathit Pitutecha က ပြောသည်။

“လေဆိပ်တစ်ခုစီတွင် ရောဂါထိန်းချုပ်ရေးယူနစ်တစ်ခုစီရှိပြီး တာဝန်ရှိသူများက ​သေ​သေချာချာစစ်​ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်” ဟု ၎င်းက ဆိုသည်။

အရေပြား​ရောဂါများနှင့် လိင်မှတဆင့်ကူးစက်ရောဂါရှိသူများ အားကုသည့်ဆေးခန်းများတွင် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍သေချာ​စောင့်ကြည့်ပြီး သတိထားဆောင်ရွက်ကြရန် ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) မှ Mr Sathit ကအားလုံးကိုတိုက်တွန်းထားသည်။

DDC ၏ကူးစက်ရောဂါဗေဒဌာနခွဲက အင်္ဂလန်၊ စပိန်နှင့် ​ပေါ်တူဂီ တို့မှ ခရီးသွားများကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

Source: BangkokPost


LEAVE A REPLY

Please enter your comment!
Please enter your name here