ခမီလူငယ်တစ်ဦး ပထမဆုံးအကြိမ် ရန်ကုန်ဆေးတက္ကသိုလ်၂သို့ တက်ခွင့်ရခဲ့၊ ခမီဂုဏ်ဆောင်ခဲ့သူတစ်ဦးအဖြစ်ချီးကျူးခံနေရ

0
80

ခမီလူငယ်တစ်ဦး ပထမဆုံးအကြိမ် ရန်ကုန်ဆေးတက္ကသိုလ်၂သို့ တက်ခွင့်ရခဲ့၊ခမီဂုဏ်ဆောင်ခဲ့သူတစ်ဦးအဖြစ်ချီးကျူးခံနေရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိသင်တန်းကျောင်းတွင်ပညာသင်ကြားခဲ့သည့် ခမီလူငယ်တစ်ဦးဖြစ်သူ မောင်ကျော်သန်းလင်းသည် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း ၄၈၅ မှတ်ဖြင့် ယခုဖွင့်လှစ်နေသည့်ရန်ကုန် ဆေးတက္ကသိုလ်အမှတ် (၂)သို့ တက်ခွင့်ရရှိကြောင်း ဂန္ဓာရီပရဟိသင်တန်းကျောင်းမှ ခမီလူမျိုး ဂေဟာမှူးဦးသိန်းမောင်ထံမှ သိရသည်။

“ကျွန်တော်တို့လူမျိုးအတွက် ဆေးကျောင်းတက်ရတဲ့သူက သူပထမဆုံးပဲ။သူကတအားကြိုးစားတာ”ဟု ၄င်းကပြောသည်။

ဘူးသီးတောင်မြို့နယ် ရေဆူကျေးရွာဇာတိ ခမီလူမျိုးမောင်ကျော်သန်းလင်းသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ဘူးသီးတောင် အထက (၁)ကျောင်းမှ နေ၍ မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒစသည့် ဂုဏ်ထူး ၄ ဘာသာဖြင့် အောင်မြင်ခဲ့ကာ ခမီလူမျိုးများအနက် ပထမဆုံးအကြိမ်အဖြစ် ဆေးတက္ကသိုလ်တက်ခွင့်ရရှိခဲ့သူဖြစ်ကြောင်းလည်း၄င်းကပြောပြသည်။

“ခမီလူမျိုးဂုဏ်ဆောင်လို့တောင်ပြောလို့ရတယ်။အခုလည်း နေပြည်တော်ကကျန်းမာရေးဝန်ကြီးကတွေ့ချင်တယ်လို့ပြောလို့ ဒီနေ့ စစ်တွေကနေ နေပြည်တော်ကိုသွားပြီ။သူရယ် သူ့မိဘရယ်” ဦးသိန်းမောင်ကဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- အသျှင်အာဒိစ္စထံမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here