မြန်မာနိုင်ငံအတွင်း၌ ငွေပေးချေသုံးစွဲမှုများအား ကျပ်ငွေဖြင့်မဖြစ်မနေသုံးစွဲရမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

0
175

မြန်မာနိုင်ငံအတွင်း၌ ငွေပေးချေသုံးစွဲမှုများအား ကျပ်ငွေဖြင့်မဖြစ်မနေသုံးစွဲရမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

ဗဟိုဘဏ်မှ ဝန်ကြီးဌာနများ၊တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊နေပြည်တော်၊ရန်ကုန်၊မန္တလေးစည်ပင်ကော်မတီများအား ပြည်တွင်း၌ပေးချေမှုများပြုလုပ်ရာတွင် ကျပ်ငွေဖြင့်သာ အသုံးပြုပေးချေရန်လိုက်နာရမည့်အချက်များအား ထုတ်ပြန်ကြေညာခဲ့သည်။

ဗဟိုဘဏ်၏ထုတ်ပြန်ချက်၌ နိုင်ငံအတွင်းရောင်း ချဝယ်ယူသည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအ တွက် ကျသင့်ငွေအား နိုင်ငံခြားသုံးငွေဖြင့် ရယူပေးချေခြင်းကြောင့် ပြည်တွင်းတွင် နိုင်ငံခြားသုံးငွေကျယ်ပြန့်စွာအသုံးပြုမှုဖြစ်စေကာ နိုင်ငံခြား ငွေလိုအပ်ချက်မြင့်မားလာခြင်းအပြင် နိုင်ငံခြား ငွေလဲလှယ်နှုန်း(Exchange Rate)မတည်ငြိမ်မှုဖြစ်ပေါ်စေသည်ဟု ရေးသားထားသည်။

ထို့ကြောင့် ဝန်ကြီးဌာနများ၊တိုင်းနှင့်ပြည်နယ်အ စိုးရအဖွဲ့အစည်းများသည် ၎င်းတို့၏လက် အောက်ခံအဖွဲ့အစည်းများ၊ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းများ၊အဖွဲ့အစည်းများအတွင်း ကုန်ပစ္စည်းများဝယ်ယူရောင်းချခြင်းနှင့်ဝန်ဆောင်မှုလုပ်ငန်းများ အတွက်ပေးချေရာ၌ ကျပ်ငွေဖြင့်သာဆောင်ရွက်ရန်ထုတ်ပြန်ခဲ့သည်။

ထိုသို့ ပြုလုပ်ရမည်အားထပ်ဆင့်ညွှန်ကြားရန် ဗဟိုဘဏ်မှအကြောင်းကြားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ပြင် ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ အရ နောက်ဆက်တွဲထုတ်ပြန်ခဲ့သည့် ကင်းလွတ်ခွင့်ပြုသည့် ကိစ္စရများမှအပ ပြည် တွင်း၌နေထိုင်သူများ၏ ပြည်ပမှနိုင်ငံခြားသုံးငွေဖြင့်ရရှိသည့်ဝင်ငွေများအား မြန်မာနိုင်ငံသို့ပြန် လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများရောင်းဝယ်သည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ရောင်းချရမည်ဟု ဗဟိုဘဏ်မှထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် ပြည်တွင်း၌သုံးစွဲပေးချေမှုများအား ကျပ်ငွေဖြင့်သာ မဖြစ်မနေသုံးစွဲရမည်ဖြစ်ကာ လက်ရှိအခြေအနေ၌ ဟိုတယ်များ၊စားသောက် ဆိုင်အချို့၊ပြည်တွင်းတွင် လာရောက်ဖွင့်လှစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျောင်းများ၊နိုင်ငံခြား သားများအား ပြည်တွင်း၌ နေရာထိုင်ခင်းငှားရမ်းမှုများ၊အမှတ်တရပစ္စည်းဆိုင်များတွင် ကျပ်ငွေအစား နိုင်ငံခြားငွေ(အမေရိကန်ဒေါ်လာ)ဖြင့် ပေးချေဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

အလားတူ ဝန်ကြီးဌာနအသီးသီးအောက်ရှိ လုပ် ငန်းများအဖွဲ့အစည်းများမှလည်း ၎င်းတို့ရရန်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုဝင်ငွေများ(ဥပမာ- မြေငှားရမ်းခြင်း၊အာမခံလုပ်ငန်းများအတွက် မတည်ရင်းနှီးငွေထည့်ဝင်ခြင်း၊ဖက်စပ်လုပ်ငန်းများမှရရှိငွေများ)အား နိုင်ငံခြားငွေဖြင့် လက်ခံ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်ဟု ထုန်ပြန်ရေးသားထားသည်။

ထို့ကြောင့် ဗဟိုဘဏ်၏ရည်ညွှန်းချက်ပါစာများဖြင့်ထုတ်ပြန်ခဲ့သည့် ပြည်တွင်း၌ကျပ်ငွေဖြင့်သာ ပေးချေဆောင်ရွက်ရန်နှင့်ဗဟိုဘဏ်မှ ဧပြီ ၃ ရက်တွင်ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၁၂/၂၀၂၂ တို့အရ ပြည်တွင်း၌သုံးစွဲပေးချေမှုများအား ကျပ်ငွေဖြင့်သာဆောင်ရွက်ရန် ထုတ်ပြန်ချက်၌ရေးသားထားသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်အား ဝန်ကြီးဌာနများတိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊နေပြည် တော်၊ရန်ကုန်နှင့်မန္တလေး မြို့တော်စည်ပင်ကော် မတီများအနေဖြင့် လက်အောက်ခံအဖွဲ့အစည်းများအား ထပ်ဆင့်ညွှန်ကြားကာ ညွှန်ကြားပြီးကြောင်းအား ဗဟိုဘဏ်သို့ပြန်ကြားပေးရန် အသိ ပေးထုတ်ပြန်ခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here