မျောက်​ကျောက်​တွေ့ရှိမူ ၁၉ နိုင်ငံထိဖြစ်လာ

0
131

မျောက်​ကျောက်​တွေ့ရှိမူ ၁၉ နိုင်ငံထိဖြစ်လာ

ဧပြီနှင့်မေလအတွင်း ဥရောပတိုက်ရှိနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသောမျောက်ကျောက်ရောဂါသည် အခြားနိုင်ငံများသို့ပါပျံ့နှံ့ရောက်ရှိလာပြီဖြစ်သည်။

ယခုအခါ မျောက်ကျောက်ရောဂါဖြစ်ပွားနေသည့်နိုင်ငံပေါင်း ၁၉နိုင်ငံရှိလာပြီဖြစ်ကြောင်းသိရသည်။

အဆိုပါနိုင်ငံများမှာ စပိန်၊ပေါ်တူဂီ၊အင်္ဂလန်၊ဘယ်လ်ဂျီယံ၊အီတလီ၊ပြင်သစ်၊ဂျာမဏီ၊ဆွီဒင်၊ကနေဒါ၊အမေရိကန်၊ဩစတေးလျ၊ဒိန်းမတ်၊စ​ကော့တလန်၊ နယ်သာလန်၊ဩစတီးယား၊ အစ္စရေး၊ဆွစ်ဇာလန် တို့ဖြစ်ကြသည်။

အင်္ဂလန်နိုင်ငံ၏ မျောက်ကျောက်ရောဂါအခြေအနေကို လေ့လာပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထူးစိုးရိမ်စရာမရှိကြောင်းနှင့်၎င်း‌ရောဂါနှင့်ပတ်သက်၍ခရီးသွားလာခြင်းဆိုင်ရာကန့်သတ်ချက်များမရှိကြောင်း အင်္ဂလန်နိုင်ငံကလည်းထပ်လောင်းမှတ်ချက်ပြုခဲ့သည်။

Ref: TSS

Photo Credit – India.com


LEAVE A REPLY

Please enter your comment!
Please enter your name here