မြန်မာနိုင်ငံ GDP ၏ ၅၈ ရာခိုင်နှုန်းခန့်သည် ဝန် ဆောင်မှုမှရရှိကာ အာဆီယံနိုင်ငံများ၌ စတုတ္ထနေရာတွင်ရှိ

0
222

မြန်မာနိုင်ငံ GDP ၏ ၅၈ ရာခိုင်နှုန်းခန့်သည် ဝန် ဆောင်မှုမှရရှိကာ အာဆီယံနိုင်ငံများ၌ စတုတ္ထနေရာတွင်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းက ဝန် ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များဘဏ္ဍာတိုက်(Services Trade and Investment Portal- STIP)တည် ထောင်ထားရှိမှုနှင့်စပ်လျဉ်းသည့် Beta Version အသိပေးရှင်းလင်းခြင်းအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကုန်သွယ်မှုကဏ္ဍမှာ ဝန်ဆောင်မှုကုန်သွယ်ရေးဟာ အလားအလာကောင်းတွေရှိနေတဲ့အတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေ တိုး တက်လာအောင်ဆောင်ရွက်ပြီး ဝန်ဆောင်မှုကုန် သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေး ထားဆောင်ရွက်ဖို့လိုပါတယ်”ဟုပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကမှာကြားသည်။

အာဆီယံ၏ ၂၀၁၉ ခုနှစ်၌ တရားဝင်ထုတ်ပြန်ထားသည့်စာရင်းအရ မြန်မာနိုင်ငံ GDP ၏ ၅၈ ရာခိုင်နှုန်းခန့်သည် ဝန်ဆောင်မှုကုန်သွယ်ရေးမှ ရရှိခြင်းဖြစ်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် စင်ကာပူ၊ထိုင်း၊ဖိလစ်ပိုင်နိုင်ငံများပြီးလျှင် စတုတ္ထနေရာတွင်ရှိနေသည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဝန်ဆောင်မှုကုန် သွယ်ရေးဆိုင်ရာအစီအမံများအား ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။

“အခု တည်ထောင်ထားတဲ့ STIP Web Portal ဟာ ဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်းတွေနဲ့သက် ဆိုင်တဲ့ ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်းတွေကို တစ်နေရာတည်းမှာ စုစည်းတွေ့မြင်ရမယ့် website ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကပြောသည်။

ထို့ပြင် ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်းများအား စုစည်းပြုစုထားရာ၌ မြန်မာနိုင်ငံမှအဖွဲ့ဝင်အဖြစ်ပါဝင်ထားသည့် FTAs များ၏ ကတိက ဝတ်များနှင့်လိုက်လျောညီထွေဖြစ်စေရန် ပြုစုထားခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

“ဒါ့ကြောင့် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅(AEC 2025)ရဲ့လုပ်ငန်းစီမံချက်အရ အ ကောင်အထည်ဖော်ဆောင်ရွက်မှုတွေမှာ အကျိုး ကျေးဇူးတွေကို ဖြစ်ထွန်းစေမှာဖြစ်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့နောက် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီး မြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့်ဆက်စပ်ဦးစီးဌာန ၃၅ ခုမှကိုယ်စားလှယ် ၄၄ ဦးကိုယ်စား တာဝန်ခံညွှန်ကြားရေးမှူးနှင့် Developer Company မှနည်းပညာဆိုင်ရာတာဝန်ခံတို့က ဝန်ဆောင်မှုကုန်သွယ် ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များဘဏ္ဍာတိုက်(Services Trade and Investment Portal- STIP)တည်ထောင်ထားရှိမှုနှင့်အသုံးပြုမှုဆိုင်ရာများအားရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here